News

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ရှိ မြို့နယ်ခြောက်မြို့နယ်အတွက် အရှည်မိုင်နှစ်ရာကျော်ဖြင့် ကာကွယ်ထားသည့် ရေကာတာကို ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ် ပထမခြောက်လ၌ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။
08-Jun-2018 tagged as မွန်ပြည်နယ်
မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ပိုင်မြေကို စာချုပ်မချုပ်ဘဲ ငှားရမ်းထားခြင်းနှင့် ခေတ်နှင့်မလျော်ညီသည့် ငှားရမ်းခဖြင့် ငှားရမ်းနေခြင်းကိစ္စကို ပြန်လည်စိစစ်မည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ပြောသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ဆောက်လုပ်နေသော ဘားအံ ဘိုးဘွားရိပ်သာကို ဇူလိုင်လအတွင်း စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။
မကွေးတိုင်း ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုပမာဏမှာ ပြီးခဲ့သည့်ရက်ပိုင်းကထက် ထက်ဝက်ခန့်လျော့ကျကြောင်း အဆိုပါမြို့နယ် ကုန်စည်ဈေးကွက်အတွင်းမှ သိရသည်။
08-Jun-2018 tagged as တံတား ဧရာဝတီ
ကြံ့ခိုင်မှုအားနည်းလာ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတား ၆ စင်းကို ယခုလ ၁ ရက်နေ့မှစတင်ပြီး တံတားများအပေါ်ဖြတ်သန်းမောင်းနှင်နိုင်မည့် ယာဉ်နှင့် ကုန်ခံနိုင်ဝန်တန်ချိန်အား လျှော့ချသတ်မှတ်ထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှသိရသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခံထားရသော ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးသည် ဇွန်လ ၈ ရက်နေ့တွင် စစ်တွေမြို့ရဲစခန်းသို့ သွားရောက်ကာ ဖမ်းဆီးခံမည်ဟု ကာယကံရှင် ဦးသန်းမောင်ဦးက ပြောဆိုသည်။
07-Jun-2018 tagged as ရေကြီး Disaster
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ရာ ရေစီးနှင့်မျောပါ၍ လူနှစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။
မကွေးမြို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ (ကညန) ရုံးအရှေ့ လမ်းပေါ်တွင် ကျူးကျော်နေထိုင်သည့် အိမ် ၂၇ လုံး ဖယ်ရှားခြင်းကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
07-Jun-2018 tagged as ဆန် ရွှေဘို
ရွှေဘိုပေါ်ဆန်း ဒေသန္တဆိုင်ရာအညွှန်း GI (Geographical Indication) မူပိုင်ခွင့်ရရှိရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတွင် ဇွန်လ ၅ ရက်နေ့၌ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းက ကျင်းပခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ငွေက ပြောကြားသည်။
06-Jun-2018 tagged as ထားဝယ်
ထားဝယ်ခရိုင်အတွင်းရှိ ထိုင်း- မြန်မာ နယ်စပ်တစ်ခုဖြစ်သည့် ထီးခီးနယ်စပ်တွင် ဌာနဆိုင်ရာအရာရှိအချို့က KNU တပ်ဖွဲ့နှင့်ပေါင်းကာ အဂတိလိုက်စားသည် ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလက နိုင်ငံတော် သမ္မတထံ တိုင်ကြားထားမှုကို ယခုဇွန်လလယ်ပိုင်းတွင် အပြီးစစ်ဆေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က ပြောသည်။
06-Jun-2018 tagged as
တောဆင်ရိုင်း ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်သူများကို ဇွန်လ ၆ ရက် နံနက်ပိုင်းက ပုသိမ်မြို့ရှိ ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ တရားမဝင်မြစ်ကျောက်နှင့် မြစ်သဲထုတ်ယူနေခြင်းအပေါ်ထိရောက်သည့် အရေးယူမှုမရှိခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်သူဦးရေ များပြားလာကြောင်း ဟင်္သာတခရိုင် မြစ်ကျောက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြားသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်လာကြသည့် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၁၀၀ ကျော်အတွက် စာရေးကိရိယာပစ္စည်းများ အကူအညီ လိုအပ်လျက်ရှိကြောင်း ပလက်ဝမြို့နယ်၊ လူမှုကူညီရေး ပရဟိတအဖွဲ့မှအတွင်းရေး မှူး ဦးကျော်အောင်က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများ ထပ်တိုးဖွင့်လှစ်နေသော်လည်း အထက်တန်းပညာသင်ကြားပေးမည့် ဆရာ၊ ဆရာမ ၄၀၀ ခန့် လိုအပ်နေကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးစိန်ထွန်းလှက ပြောကြားသည်။
05-Jun-2018 tagged as သတင်းထောက်
နိုင်ငံတော်လျှို့ဝှက်ချက် အက် ဥပဒေ ဖြင့် တရားစွဲခံထားရသည့် ရိုက်တာ သတင်းထောက်နှစ်ဦး ရေးသားထားသည့် အင်းဒင်ရွာသား ၁၀ ဦး အသတ်ခံရသည့်သတင်းကို တရားရုံးက သက်သေအဖြစ် လက်ခံလိုက်ကြောင်း သတင်းထောက်နှစ်ဦး၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။