News

28-Mar-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ နမ့်ကိုင်းရွာတွင်၊ ယနေ့ (မတ် ၂၈ ရက်) နံနက် ၄ နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပညာရေးဝန်ထမ်း လိုင်းခန်းအချို့ ပျက်စီးခဲ့ကြောင်း တာချီလိတ်မြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
28-Mar-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် ၇ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ (မတ်၂၈ရက်) နံနက် ၉ နာရီက ပညာရှင်အဆင့် ၄ ရာထူးတိုး စာမေးပွဲ ကျင်းပခဲ့ရာ ဆရာ၊ ဆရာမ ၆၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
28-Mar-2017
ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ချင်းပြည်နယ် ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမတွင် ယနေ့ (မတ်လ ၂၈ ရက်) နံနက်က စတင်ကျင်းပလျက်ရှိကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များထံမှ သိရသည်။
28-Mar-2017
လက်ပံတောင်းတောင် ကြေးထုတ်လုပ်ငန်းမှ ကျောက်သယ်ယာဉ်များကို တားဆီးခဲ့သည့် ဒေသခံ တောင်သူများကို မတ်လ ၂၄ ရက်နေ့က လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်ဖြင့် ပစ်ခတ်ခဲ့သောဖြစ်စဉ်တွင် ဒေသခံတောင်သူ ၅၀ ဦးကို ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားကြောင်း ဆားလင်းကြီးမြို့နယ် ရဲမှူး ဌေးဝင်းက ပြောကြားသည်။
28-Mar-2017
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ကြီးမားသည့် ပုဂံဘုရားများအနက် နာမည်ကြီးဘုရားများ အပါအဝင် အဆူ ၅၀ ကို ဧပြီလ နောက်ဆုံးပတ်ကစ၍ အကြီးစား ပြုပြင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။
27-Mar-2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ကို MNDAA တပ်ဖွဲ့များ မတ်လ ၆ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာတွင် ပျောက်ဆုံးနေခဲ့သည့် ရန်လုံကျိုင်းနယ်စပ် စစ်ဆေးရေးစခန်း တာဝန်ကျ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အရာရှိနှစ်ဦး အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
27-Mar-2017
ပဋိပက္ခများ ဖြစ်ပွားနေသည့်အတွက် လက်ပံတောင်းတောင် ကြေးထုတ်လုပ်ငန်း ဝမ်ပေါင်ကုမ္ပဏီသို့ တင်သွင်းနေသော ဆားလင်းကြီးမြို့နယ်မှ ကျောက်လုပ်ကွက်များ ယာယီ ရပ်ဆိုင်းထားရန် စစ်ကိုင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မတ်လ ၂၆ ရက်နေ့တွင် အမိန့်စာ ထုတ်ပြန်လိုက်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောကြားသည်။
26-Mar-2017
တိုင်းနှင့်ပြည်နယ် အသီးသီးတွင် အကြောင်း အမျိုးမျိုးကြောင့် ဖခင်အမည် တပ်ခွင့်မရရှိသည့် ကိုယ်ဝန်ဆောင် မိခင်လောင်း (Single Mother)များကို ငါးလသား ကိုယ်ဝန်မှစတင်ကာ မွေးဖွားသည့်ကာလအထိ စားရေးသောက်ရေး ကျန်းမာရေးများကို ကူညီပေးမည်
26-Mar-2017
ဝမ်ပေါင် ကျောက်သယ်ကားများကို တားဆီးသည့် လက်ပံတောင်းတောင် ဒေသခံများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ကာ အင်အားသုံး ဖယ်ရှားပြီးနောက် သပိတ်စခန်းဖွင့်ကာ ဆက်လက်တောင်းဆိုမည် ဖြစ်ကြောင်း ယင်းဒေသခံများက ပြောကြားသည်။
25-Mar-2017
စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့နယ်တွင် ယနေ့ (မတ်လ ၂၅ ရက်) မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ကျော်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် မြို့ပေါ် အပါအဝင် ကျေးရွာအချို့မှ နေအိမ် ၁၀ဝ ကျော် ပျက်စီးခဲ့ကြောင်း ကလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
25-Mar-2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ဗေသလရွာဟောင်းရှိ ဝပ်ရှော့တစ်ခုတွင် မတ်လ ၂၄ ရက် ညနေ ၄ နာရီခွဲခန့်က မော်တော်ယာဉ် လာရောက်ပြုပြင်သည့် တရုတ်အမျိုးသားတစ်ဦး ရုတ်တရက် သေဆုံးခဲ့ကြောင်း တာလေ နယ်မြေရဲစခန်းထံမှ သိရသည်။
25-Mar-2017
ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်ပသော ကလေးစာပေပွဲတော်ကို ယနေ့ (မတ်လ ၂၅ ရက်) မှ စ၍ ၂၇ ရက်နေ့အထိ မော်လမြိုင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။
25-Mar-2017
ချင်းပြည်နယ်ရှိ တီးတိန်မြို့နယ်ကို ခရိုင်အဆင့် တိုးမြှင့်နိုင်ရေး တင်ပြတောင်းဆိုနိုင်ရန်အတွက် အချက်အလက် စုဆောင်းမှု ပြုလုပ်နေပြီ ဖြစ်ကြောင်း တီးတိန်မြို့နယ် အုပ်ချုပ်ရေမှူးရုံးမှ သိရသည်။
24-Mar-2017
လူသေဆုံးသည်အထိ ပဋ္ဋိပက္ခများ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာ မုံရွာ-ပုသိမ်လမ်းပေါ်တွင် ကျောက်သယ်ယာဉ်စီးရေ ၁၀၀ ကျော်ကို ဒေသခံများက တားဆီးခဲ့သဖြင့် မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက သေနတ်အချက် ၅၀ ခန့် ပစ်ဖောက်ရှင်းလင်းခဲ့မှုကြောင်း ဒေသခံများထံမှ သိရသည်။
24-Mar-2017
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာ မုံရွာ-ပုသိမ်လမ်းပေါ်တွင် ကျောက်သယ်ယာဉ်များကို ဒေသခံများက တားဆီးနေမှုကို ယနေ့ (မတ်လ ၂၄) ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက သေနတ်အချက် ၅၀ ခန့် ပစ်ဖောက်ကာ ရှင်းလင်းခဲ့ပြီး ကျောက်သယ်ယာဉ်များကို ဆက်မောင်းစေခဲ့ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် ဒေသခံများထံမှ သိရသည်။