News

11-Mar-2017
စစ်ကိုင်းတိုင်း ကနီမြို့နယ် ဇီးဖြူကုန်းကျေးရွာ အနီးရှိ ဖရဲသီး စိုက်ပျိုးသော အခင်းအနီးတွင် စွန့်ပစ်ခံထားရသော မွေးကင်းစ ကလေးငယ်သည် ကောက်ယူရရှိပြီး ၄ ရက် အကြာတွင် သေဆုံးခဲ့ကြောင်း ကနီမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အုပ်ချုပ်ရေမှူး ကိုပြည့်အောင်နိုင်က ပြောကြားသည်။
11-Mar-2017
မောင်တော အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီ ထောင်နှင့်ချီ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်နေကြပြီ
10-Mar-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မ ရဲစခန်းတွင် ဌာနဆိုင်ရာ အရာထမ်း အချင်းချင်း ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားမှုနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့က မတ်လ ၇ ရက် ညနေပိုင်းတွင် လာရောက်စစ်ဆေးခဲ့ကြောင်း ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ကုန်သည်ကြီးများထံမှ သိရသည်။
10-Mar-2017
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ဝေခဲ့သည့် စာအုပ်ပါ အချက်လက်များမှာ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ ဦးရန်လင်းအောင် ဆိုသူက နစ်နာကြေးရလိုမှုဖြင့် တရားစွဲဆိုမှုကို စီရင်ချက် ချပိုင်ခွင့်မရှိဟု မော်လမြိုင် ခရိုင်တရားရုံးက ယနေ့ (မတ် ၁၀) တွင် ဆုံးဖြတ်ချက်ချကြောင်း အမှုရင်ဆိုင်သူများထံမှ သိရသည်။
09-Mar-2017
ထိုင်း-မြန်မာ နယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် မတ်လ ၈ ရက် ညနေ ၆ နာရီခွဲက ကျပ်သိန်း တစ်သောင်းခွဲကျော်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေး ထုတ်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများကို ဖမ်းမိ
09-Mar-2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး- လားရှိုး မီးရထားလမ်းပိုင်း နောင်ချိုမြို့အနီးရှိ ဂုတ်ထိပ်ရထားလမ်း အရှေ့ဘက် တစ်မိုင်ခန့်အကွာ ဂုတ်ထိပ်ရထားလမ်း အောက်ဘက်တွင် ယနေ့(မတ် ၉ ရက်) မွန်းတည့် ၁၂ နာရီကျော်က မြေမြုပ်မိုင်း အဟောင်းတစ်လုံး ပေါက်ကွဲ
09-Mar-2017
ကျောက်တော်မြို့နယ်အတွင်း မတ်လ ၆ ရက်နေ့ ညပိုင်းက လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် ယင်းမြို့နယ် အလယ်ကျွန်းကျေးရွာအုပ်စုရှိ ရွှေပြည်ကျေးရွာမှ နေအိမ် ၅၁ လုံး ပျက်စီး
08-Mar-2017
ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ပထမနေ့ မြန်မာစာ စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ နှစ်ထောင်ကျော်ရှိကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။
08-Mar-2017
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)အုပ်စု ဝမ်တုံရွာနှင့် ဟိုနား (အာခါ) ရွာကြားရှိ ဝါးရုံပင်အောက်တွင် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးနေသည့် အမျိုးသမီးတစ်ဦးကို တွေ့ရှိကြောင်း ဝမ်ပုံနယ်မြေ ရဲစခန်းထံမှ သိရသည်။
08-Mar-2017
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်တွင် ဆယ်တန်းစာမေးပွဲ မြန်မာစာ မဖြေသည့် ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော်ရှိကြောင်း ရွှေဘိုခရိုင် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်တင်က The Voice သို့ ပြောကြားသည်။
08-Mar-2017
ပဲခူးတိုင်းတွင် ဆယ်တန်းစာမေးပွဲ မြန်မာစာ မဖြေသည့် ကျောင်းသား၊ ကျောင်းသူ ၄၃၀၀ ကျော်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။
08-Mar-2017
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ စည်ပင်သာယာ နယ်နိမိတ်ရှိ သတ်မှတ်စည်းကမ်းချက် စံချိန်စံညွှန်းနှင့် မညီသော ဟိုတယ်နှစ်လုံးကို တည်ဆဲဥပဒေ၊ ဒေသန္တရ ဥပဒေ၊ ဟိုတယ်နှင့် ခရီးဆိုင်ရာ ဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။
07-Mar-2017
မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံက ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို အများပြည်သူ သိရှိနိုင်ရေးအတွက် သတင်းမီဒီယာသမားများနှင့် တစ်ပတ်တစ်ကြိမ် တွေ့ဆုံမည်
07-Mar-2017
အိန္ဒိယ-မြန်မာ နယ်စပ်ဖြစ်သည့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုးရေးမြို့တွင် ရွေးကောက်ပွဲ ကျင်းပရန်ရှိသည့်အတွက် စစ်ကိုင်းတိုင်း တမူးမြို့နှင့် ဆက်သွယ် သွားလာရန် ဖွင့်လှစ်ထားသည့် ဂိတ်ပေါက်အားလုံး ပိတ်ထား၍ နယ်စပ် အရောင်းအဝယ်များ ရပ်ဆိုင်း
06-Mar-2017
ကလေးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က တောင်းပန်သည့်အတွက် ကလေးဝမြို့နယ် ချင်းတွင်းမြစ် ဇက်ဆိပ်တွင် ဖြစ်ပွားခဲ့သည် အမတ်က လက်သီးဖြင့် ထိုးသည်ဟု ဆိုသော ပြဿနာမှာ ကျေအေးလိုက်ပြီ ဖြစ်ကြောင်း ကာယကံရှင် ဦးအောင်ကျော်စိုးက ပြောသည်။