News

07-Apr-2017
ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့တွင် ကျင်းပမည့် အတာသြင်္ကန် ပွဲတော်ဖွင့်ပွဲကို သြင်္ကန်အကြိုနေ့ နံနက်ပိုင်းသို့ ပြောင်းလဲ ဖွင့်လှစ်သွားမည်
07-Apr-2017
မြန်မာ့နှစ်သစ်ကူး သြင်္ကန်ကာလ မရောက်မီ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။
06-Apr-2017
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် တယ်ပင်ကန်ကျေးရွာမှ ဘုန်းတော်ကြီး ကျောင်းပိုင်ဆိုင်ခွင့် ဗဟိုအမိန့်ကို တိုင်းသာသနာရေးမှူးနှင့် မြို့နယ် သံဃနာယကအဖွဲ့က လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့်အတွက် ဒေသခံများ ဘာသာရေး၊ သာသနာရေး ဆောင်ရွက်ခွင့် မရသည်ဟုဆိုကာ တယ်ပင်ကန်ကျေးရွာ ဒေသခံများက ဧပြီလ ၅ ရက်နေ့က တိုင်းအစိုးရရုံး ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
06-Apr-2017
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း မိုးဆက်တိုက် ရွာသွန်းပြီး မြစ်ရေတက်လာသဖြင့် ကလေးခရိုင် အတွင်းရှိ မဏိပူရ်မြစ်ကိုဖြတ်၍ ကျေးရွာအချင်းချင်း ဆက်သွယ် သွားလာရန် တည်ဆောက်ထားသည့် ယာယီ လူကူးတံတားများ ယနေ့ (ဧပြီ ၆ ရက်) နံနက်က ရေစီးနှင့် မျောပါခဲ့ကြောင်း
06-Apr-2017
ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းအချို့ကို ပိတ်သိမ်းနိုင်ရန် ဧပြီလ ၅ ရက်၌ ပြုလုပ်သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
06-Apr-2017
၂၀၁၆ ခုနှစ် အတွင်းက စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ရှိ Myanmar Veneer and Plywood Private Ltd. သစ်အချောထည်စက်ရုံမှ အလုပ်သမား သပိတ်စစ်ကြောင်းမှ လေးဦးသည် ယနေ့ (ဧပြီလ ၆ ရက်) နံနက်က ရွှေဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ကြောင်း ကာယကံရှင်များထံမှ သိရသည်။
05-Apr-2017
ဝိုင်းမော်မြို့နယ် ဆဒုံးရေတံခွန်သွားလမ်း ဘွန်တောင်ကျေးရွာအနီးတွင် ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က သုံးဘီးယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လိုက်ပါစီးနင်းလာသူ ၂၆ ဦးအနက် ၁၀ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
05-Apr-2017
မွန်ပြည်နယ်ရှိ မြို့နယ်များတွင် သြင်္ကန်မဏ္ဍပ်နှင့် ဧည့်ခံဖျော်ဖြေရေးအတွက် အသုံးစရိတ် ကျပ်သိန်း ၃၀ဝ ကျော်ကို ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် ပထမဆုံးအကြိမ်အဖြစ် စတင်သုံးစွဲခွင့် ပြုလိုက်ကြောင်း မွန်ပြည်နယ် လွှတ်တော်ထံမှ သိရသည်။
05-Apr-2017
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ လောက်ကိုင်မြို့ကို တပ်မတော်မှ နယ်မြေလုံခြုံရေး အပြည့်အဝ ထိန်းချုပ်နိုင်သောကြောင့် အစိုးရရုံးများကို ပြန်လည် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားသည်။
04-Apr-2017
မြစ်ကြီးနားမြို့နယ်တွင် မြန်မာ့နှစ်သစ်ကူး အတာသြင်္ကန် ကာလအတွင်း လူအများ အပန်းဖြေသည့် နေရာများနှင့် မြို့တွင်းနေရာများကို လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်မည်
04-Apr-2017
အကြောင်း အမျိုးမျိုးကြောင့် အကြမ်းဖက်ခြင်း ခံရသည့် အမျိုးသမီးများ ယာယီအနေနှင့် နားခိုနိုင်သည့် စံပြဂေဟာ (Safe House)များကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် တည်ဆောက်ပေးမည်
04-Apr-2017
ကချင်ပြည်နယ်အတွင်းရှိ တရားမဝင် သစ်ခိုးထုတ်မှုများနှင့် သယံဇာတ တူးဖော်ခြင်း လုပ်ငန်းများကို အထူးကြပ်မတ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောသည်။
04-Apr-2017
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ် တောင်ဘက်ခြမ်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျေးရွာအများစုတွင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုကို လက်ရှိတွင် အဆိုးရွားဆုံး ရင်ဆိုင်နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။
04-Apr-2017
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အရှေ့ဖရုံကာကျွန်းစုရှိ နတ်ရှင်ကျေးရွာတွင် ဧပြီလ ၃ ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီးလာသည့် တရားခံကို လမ်းတွင်ဖြတ်၍ ရဲတပ်ဖွဲ့ထံမှ သေနတ်လုယူရန် ကြံစည်သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် သန်းဌေးက အတည်ပြု ပြောကြားသည်။
04-Apr-2017
မကွေးမြို့ မြင်သာရပ်ရှိ ကေတီဗီ တစ်ခုတွင် ဧပြီလ ၂ ရက်နေ့ ညက မီးလောင်မှုဖြစ်ပွားခဲ့ရာ တပ်မတော်သား၊ အစိုးရ ဝန်ထမ်းအချို့နှင့် ဘဏ်ဝန်ထမ်းတစ်ဦး အပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။