News

22-Apr-2017
စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များတွင် ပြေးဆွဲနေသော ခရီးသည်ယာဉ်များတွင် တောရိုင်း တိရစ္ဆာန်ထွက်ပစ္စည်းနှင့် အစိတ်အပိုင်းများ မသယ်ဆောင်ရေးအတွက် အသိပညာပေး လှုပ်ရှားမှုများကို ဧပြီလဆန်းမှ စတင်ကာ လုပ်ဆောင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။
22-Apr-2017
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် အတွင်းရှိ ပျားစွဲဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းရှိ ဆင်များ ပြသမှုကို ရာသီဥတု ပူပြင်းလာသည့်အတွက် ခေတ္တရပ်နားထားကြောင်း ပျားစွဲဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှ ပြသရေး တာဝန်ခံ ဦးမောင်နိုင်က ပြောသည်။
21-Apr-2017
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း တည်ရှိသည့် လွဲကြီးကျေးရွာမှ နေအိမ်ငါးဆယ်ကျော်ကို တပ်ပိုင်မြေအတွင်း ကျရောက်နေသည်ဟုဆိုကာ နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ အမှတ် ၁၂၂ ခြေလျင်တပ်ရင်းက အတင်းအကျပ် ရွှေ့ပြောင်းခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
21-Apr-2017
ရှမှးပှညနှယှ (အရှေ့ပိုငှး) ကှိုငှးတုုံမှို့အမှတှ (၃) ရပကှှကရှှိ မှို့တောခှနှးမတှငှ ယနေ့ (ဧပှီ ၂၁ ရကှ) နံနကှ ၉ နာရီက စတငှ၍ ကှိုငှးတုံခရိုငှ အမှိုးသားအဆင့ှ နိုငငှံရေးဆှေးနှေးပှဲ ကငှှးပခဲ့ကှောငှး အဆိုပါ နိုငငှံရေး ဆှေးနှေးပှဲ တကရှောကနှသေူမှားထံမှ သိရသညှ။
21-Apr-2017
သြင်္ကန်ပိတ်ရက်အပြီး လုပ်ငန်းခွင် ပြန်ဝင်ရန် ခရီးသွား များနေချိန် ရန်ကုန်-ပြည် အဝေးပြေးကားအချို့ မူလကားခထက် ပိုတောင်းမှုများ ရှိနေ၍ ဝင်ရောက်စစ်ဆေးခဲ့ပြီး ကားခပိုတောင်းသည့် ယာဉ်လိုင်းများကို ရပ်နားသည်အထိ အရေးယူမည် ဖြစ်ကြောင်း ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ပြောကြားသည်။
21-Apr-2017
၂၀၁၆-၂၀၁၇ ခုနှစ် ဆားထုတ်လုပ်ရာသီတွင် ရာသီဥတု အခြေအနေကြောင့် မွန်ပြည်နယ် ဆားအထွက် ၂၀ ရာခိုင်နှုန်းခန့် လျော့ကျဖွယ် ရှိသည်ဟု သတ္တုတွင်း ဝန်ကြီးဌာန၊ မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ပြည်နယ်ဦးစီးမှူးက ပြောသည်။
21-Apr-2017
ထားဝယ်အကျဉ်းထောင်တွင် ထောင်ကျနေသည့် အကျဉ်းသားဦးရေ၏ ထက်ဝက်ခန့်မှာ မူးယစ်ဆေးအမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်း ထားဝယ်အကျဉ်းထောင် တာဝန်ရှိသူထံမှ သိရသည်။
21-Apr-2017
မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) ကို ဆက်သွယ်ထားသည့် သံလွင်တံတား (ချောင်းဆုံ) အမည်အစား ဗိုလ်ချုပ်အောင်ဆန်း တံတားအမည် သတ်မှတ်သည်ကို ကန့်ကွက်သည့် ဆန္ဒပြုလက်မှတ်များကို သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လူထုလုပ်ရှားမှု ကော်မတီက ဦးဆောင်ပြီး ကောက်ခံလျက်ရှိသည်။
21-Apr-2017
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ကွမ်းသီးအကင်းများကို တရုတ်နယ်စပ်သို့ပို့ရန် ဈေးကောင်းပေးကာ ရသလောက် ဝယ်ယူနေကြောင်း ကွမ်းသီးခြံပိုင်ရှင်များထံမှ သိရသည်။
20-Apr-2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ယန်းလောကျေးရွာအုပ်စု ကျိုင်းဖောင်းရွာအနီးရှိ နမ့်ခင်ချောင်းတွင် ယနေ့ (ဧပြီ ၂၀ ရက်) နံနက် ၁၀ နာရီခန့်က ကျိုင်းတုံဆေးရုံကြီးမှ ဝန်ထမ်းအမျိုးသားတစ်ဦး ရေနစ်သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။
20-Apr-2017
သေဆုံးပြီးသောသူများကို ငတ်မွတ်ခြင်း၊ အလင်းရောင် မရရှိခြင်း၊ အသူရကယ် (ကြောက်ရွံ့သော ခန္ဓာကိုယ်) ဖြင့် နေထိုင်ရခြင်းတို့မှ လွတ်မြောက်စေရန် ရည်ရွယ်၍ ပရလောကသားများကို လှူဒါန်းခြင်းနှင့် ပရိတ်တရားများ နာကြားခြင်းတို့ ပြုလုပ်သည့် အကျွတ်အလွတ်ပွဲတော်ကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ထန်းကိုးပင် သုဿာန်တွင် ဧပြီလ ၁၉ ရက်နေ့ ညသန်းခေါင်ယံနှင့် ဧပြီ ၂၀ ရက်နေ့ နံနက်က ကျင်းပ
20-Apr-2017
မကွေးတိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင် သစ်တောကြိုးဝိုင်းများမှ သစ်ခိုးထုတ်လျက် ရှိသော သစ်ခိုးဂိုဏ်းများနှင့် ပူးပေါင်းသော သစ်တောဝန်ထမ်းများကို စောင့်ကြည့်၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ဇော်က ပြောကြားသည်။
20-Apr-2017
အစိုးရနှင့် ဒေသခံများအကြား တံတားအမည်ပေးမှုနှင့် ပတ်သက်၍ အငြင်းပွားနေသော မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) မြို့ကို ဆက်သွယ်တည်ဆောက်ထားသည့် တံတားကို မေလဆန်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
19-Apr-2017
ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ နယ်စပ် အိန္ဒိယနိုင်ငံဘက်ခြမ်း မိဇိုရမ်ပြည်နယ်ဘက်မှ နယ်စပ်ဂိတ်ပေါက် ပိတ်ထားခြင်းကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းနေကြောင်း ကုန်သည်များထံမှ စုံစမ်း သိရှိရသည်။
19-Apr-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချနေသည့် မုန့်တီခြောက် လုပ်ငန်းများအနေနှင့် စားသုံးရန် သင့် မသင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးရမည့်အပြင် ကိုယ်ပိုင် အမှတ်တံဆိပ်များဖြင့် ထုတ်လုပ် ရောင်းချရမည်