News

04-Mar-2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက် နောင်ခမ်းတိုက်တွင် ယနေ့ (မတ်လ ၄ ရက်) ည ၇ နာရီခန့်က ဘုရားစင်၌ ဖယောင်းတိုင်မီး ပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဖွားတစ်ဦး သေဆုံး
04-Mar-2017
လက်ပံတောင်းတောင်စီမံကိန်းမှ ကြေးတင်ယာဉ်များကို ဒေသခံများက တားဆီးပိတ်ဆို့မှုများ အပြီးတွင် ယင်းမာပင်ခရိုင် ဆားလင်းကြီး မြို့နယ်တွင်းရှိ စံပယ်တောင်နှင့် ကြေးစင်တောင်ကြေး ထုတ်လုပ်ငန်းမှ ကြေးနီသန့်စင်တင်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ပစ္စည်းပို့ဆောင်ရာတွင် ခရိုင်ရဲမှူးကြီး ပါဝင်သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး ပေး၍ သယ်ဆောင်မည်
04-Mar-2017
မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် တဲတိုက်အစုများရှိ အိမ်ထောင်စုများအတွက် နွေကာလများတွင် သောက်သုံးရေ အခက်အခဲများ ဖြစ်နေဆဲဖြစ်ကြောင်း အဆိုပါဒေသများသို့ ရေအကူအညီများပေးနေသူ ကိုဇော်မင်းထိုက်ကTheVoice သို့ ပြောကြားသည်။
03-Mar-2017
ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကဝက်ကျေးရွာအုပ်စု အထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး အနေနှင့် ကျောင်းသားများအပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုများ ကျူးလွန်ခဲ့သည်ဟုဆိုကာ အမှုဖွင့် တိုင်ကြားခဲ့သူများကို ပြန်လည် အရေးယူရန် ယနေ့ (မတ်လ ၃ ရက်) ဆန္ဒထုတ်ဖော်သည်။
03-Mar-2017
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပခန်းကိုကြီးကျော်ပွဲ ကျင်းပခြင်းကို စစ်မှုထမ်းဟောင်းများက နှစ်ပေါင်း ၃၀ ကျော် လေလံရရှိထားချိန်အတွင်း ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ဘုရားအလှူငွေကို ပေးအပ်ခြင်းမရှိသည့်အပြင် အကျိုးအမြတ်ကို ဒေသမှာ ခံစားခွင့် မရှိကြောင်း ယင်းဒေသခံများက ပြောကြားသည်။
03-Mar-2017
မွန်ပြည်နယ် သံလွင်တံတား (ချောင်းဆုံ) ကို “ဗိုလ်ချုပ်အောင်ဆန်းတံတား”ဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်တွင် အဆို တင်သွင်းမှုနှင့်ပတ်သက်၍ မတ်လ ၂ ရက်နေ့က ချောင်းဆုံမြို့တွင် ဒေသခံ ၃၀ဝ၀ ခန့်က ဆန္ဒပြကြသည်။
03-Mar-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ဆောင်းသီးနှံ စိုက်ပျိုးဧက တစ်သိန်းရှစ်သောင်းကျော်မှာ ကြွက်နှင့် ခွေးပုရစ်(ခ) အပင်ဖျက်ပိုးများ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ကလေးမြို့နယ်ရှိ ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။
02-Mar-2017
ရန်ကုန်မှ စစ်တွေသို့ ထွက်ခွာလာသည့် အောင်ပြည့်စုံ ခရီးသည်တင်ယာဉ်သည် အမ်းမြို့နယ်အတွင်း ယနေ့ (မတ်လ ၂ ရက်)နံနက် ၆ နာရီကျော်က ကားဝါယာရှော့ဖြစ်ပြီး မီးလောင်ခဲ့ရာ အမျိုးသမီးတစ်ဦး ပိတ်မိသေဆုံးခဲ့ကြောင်း အမ်းမြို့မရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
02-Mar-2017
ကျိုင်းတုံမြို့တွင် စိုက်ပျိုးစရိတ်များ ထုတ်ချေးယူနိုင်ရေးအတွက် ဘာသာလေးမျိုးပါသော လက်ကမ်းစာစောင်များကို ဖြန့်ဝေကာ အသိပညာပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ထံမှ သိရသည်။
02-Mar-2017
မြန်မာ-တရုတ် အဓိက ကုန်သွယ်ရေး လမ်းဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ-မိုင်းလားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားမှုနှင့် ပတ်သက်၍ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်နှင့် ညှိနှိုင်းမည်
02-Mar-2017
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ရှိ လက်ပံတောင်းတောင်အရေး ဖြေရှင်းရန် တိုင်းအစိုးရအဖွဲ့က ပြည်ထောင်စု အစိုးရအဖွဲ့ထံ စာရေးသား ပေးပို့၍ တင်ပြထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ဦးမြင့်ကြည်(စည်ပင်သာယာရေး ဝန်ကြီးဌာန) က ပြောသည်။
01-Mar-2017
ကျိုင်းတုံမြို့လယ် မြို့မဈေးကြီးနှင့်ကပ်လျက်ရှိ Bright Time စက်သုံးဆီ အရောင်းဆိုင်ကို ယနေ့ (မတ်လ ၁ ရက်) ပိတ်သိမ်းခဲ့ကြောင်း ကျိုင်းတုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
28-Feb-2017
ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့၌ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ စတင် ကျင်းပနေသော လူမျိုးအလိုက် (ချင်း) အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်စသည့် ကဏ္ဍကြီးလေးခုကို ဆွေးနွေးသွားမည်
28-Feb-2017
ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ် အုတ်တွင်း-ပေါက်ခေါင်းလမ်း မိုင်၂၀ ကျေးရွာအနီးတွင် အကောင်အထည်ဖော်မည့် သဘာဝ ဘေးမဲ့တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက်ရေးစခန်း တည်ထောင်ခွင့် တောင်းခံမှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်နေကြောင်း
27-Feb-2017
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ မြို့နယ်တရားရေး ဝန်ထမ်းများနှင့် တိုင်ကြားသူကို ငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဒုခရိုင်တရားသူကြီးက ခေါ်ယူစစ်ဆေးခဲ့ကြောင်း သပိတ်ကျင်း မြို့နယ် တရားရုံး ဝန်ထမ်းများထံမှ စုံစမ်း သိရှိရသည်။