News

07-May-2017
ဒေသခံတို့၏ အကျိုးစီးပွားကို ပိုမို ကာကွယ်ပေးနိုင်ရန် ပုဂံရှေးဟောင်းဇုန် နယ်နိမိတ် အကျယ်အဝန်းကို ဧက ငါးသောင်းခန့်အထိ တိုးချဲ့ သတ်မှတ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရှိရသည်။
07-May-2017
ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပထမဆုံးအကြိမ် တက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လှက ပြောကြားသည်။
07-May-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ‘ဝ’ အထူးဒေသ (၂) ဝမ်ဟုန်ရွာတွင် မေလ ၆ ရက် နံနက် ၉ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မိုင်းဆတ်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
07-May-2017
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့တွင် မေလ ၆ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စစ်ကိုင်းတိုင်းရုံးထံမှ သိရှိရသည်။
07-May-2017
ပဲခူးတိုင်းဒေသကြီး ဖြုးမြို့နယ်အရှေ့ဖက် ၁၃ မိုင်ခန့်အကွာ အုတ်ဖြတ်ကျေးရွာသစ်တွင် စစ်တောင်းမြစ်ကမ်းပါး ပြိုကျမှုများကြောင့် နေအိမ်များ ထပ်မံပြောင်းရွှေ့ရမည်ကို စိုးရိမ်ကြောင်း ယင်းကျေးရွာသားများက ပြောကြားသည်။
06-May-2017
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် NLD ပါတီနှင့်သက်ဆိုင်သော သတင်းမှားများကို ဖြန့်ချိရေးသားနေသော NLD Central News နှင့် NLD သတင်းသီးသန့် အကောင့်ကို အရေးယူရန် မီဒီယာများသို့ ပြောကြားချက်မှာ တပ်မတော်ကို စွပ်စွဲပြောဆိုခြင်း မဟုတ်ဟု NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က တုံ့ပြန့် ပြောဆိုလိုက်သည်။
06-May-2017
ထားဝယ်မြို့နယ်အတွင်းရှိ အန္တရာယ်ရှိသည်ဟု ယူဆရသည့် တရားခံများကို ကျည်ကာအင်္ကျီ ဝတ်ပြီး ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထားဝယ် မြို့မ ရဲစခန်းထံမှ သိရသည်။
06-May-2017
သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူများအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေကြောင်း မေလ ၃ ရက်နှင့် ၄ ရက်နေ့တွင် ပြုလုပ်သည့် သံလွင်အလှ စကားဝိုင်းနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သည်။
06-May-2017
ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် သဗ္ဗညုဘုရား၏ အတွင်းပိုင်း ဒဏ်ရာများကို တရုတ် ဗိသုကာ ပညာရှင်များ ကူညီနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံ ခရီးစဉ်တွင် သဘောတူစာချုပ် MoU ရေးထိုးသွားမည်
06-May-2017
မနတှလေးတိုငှး သပိတကှငှှးမှို့နယှ စပပှါယနှဂိုရကှှေးရှာအုပစှု မှတတှောမှူကှေးရှာ အရှေ့ဘကှ ၁ မိုငခှန့အှကှာ တရားမဝငသှဈစကမှှ ဆကစှပပှဈစညမှှားနှင့တှရားမဝငသှဈမှား ဖမှးဆီးရမိခဲ့ကှောငှး သပိတကှငှှးမှို့နယှ သဈတောှဦးစီး အရာရှိ ဦးမှင့ထှှနှးက ပှောသညှ။
06-May-2017
စစ်ကိုင်းတိုင်းအတွင်း တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် လူ ၂ ဦး သေဆုံးကာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စစ်ကိုင်းတိုင်း ညွန်ကြားရေမှူး ဦးစဝီလီဖရန့်က ပြောသည်။
06-May-2017
ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်းရှိ စည်ပင်ဈေး မီးလောင်ကျွမ်းရာမှ ဆိုင်ခန်း ၁၃ခန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း တီးတိန်မြို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရမ်လျန်ဆွမ်းက ပြောသည်။
05-May-2017
သက်တမ်း ၂ နှစ် ရှိပြီ ဖြစ်သည့် ထားဝယ်ခရိုင် ကုန်သည်/စက်မှုအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ကို ထားဝယ်မြို့တွင် ပြန်လည်ရွေးချယ်ခဲ့သည်။
05-May-2017
လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ ရုပ်ရှင်ရုံကြီးများ ပြသမှု ရပ်နားထားသည့် မုံရွာမြို့တွင် မေလ ၅ ရက်နေ့၌ ပထမဆုံးအဖြစ် ရုပ်ရှင်ရုံတစ်ရုံကို ပြန်လည်ဖွင့်လှစ်ပြသမည် ဖြစ်ကြောင်း မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန တိုင်းဒေသကြီး လုပ်ငန်းစုရုံးထံမှ သိရသည်။
04-May-2017
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုမှုများတွင် မူလက တရားစွဲခံရသူကို အာမခံ မပေးရန် စကားရပ်အစား အာမခံပေးရန် စကားရပ် ပြင်ဆင်ထည့်သွင်းရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကို အကြံပြုထားကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်နုနုယဉ်က ပြောကြားသည်။