News

11-Apr-2017
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် သြင်္ကန်ကာလ မူးယစ်ရမ်းကားပြီး ခိုက်ရန်ဖြစ်ပွားသူများကို ဖမ်းဆီး၍ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ ဆေးစစ်မည်
11-Apr-2017
ခရီးသည်များ တင်ဆောင်လာသော မန်းရွှေစင် ယာဉ်လိုင်းမှ မော်တော်ယာဉ်တစ်စီး မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ ဝါးစခန်းအနီးနှင့် စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကြားတွင် ဓားပြတိုက်ခံခဲ့ရကြောင်း မန္တလေးမြို့ မန်းရွှေစင်ဂိတ် တာဝန်ခံ ဦးဖိုးသားက ပြောကြားသည်။
10-Apr-2017
ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့ ရေပူစစ်ဆေးရေးစခန်းကို ရှောင်ကွင်းမောင်းနှင်ခဲ့သော မှောင်ခိုနွားကောင်ရေ ၇၀ ကျော်ကို အဆိုပါစခန်းမှ စစ်ဆေးရေးအဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။
10-Apr-2017
မြစ်ကြီးနားမြို့ ဧရာ ၄ ရက်ကွက်တွင် နေအိမ်ကို ပေါင်နှံသုံးစွဲရန် အိမ်ဂရံ တောင်း၍ မရသဖြင့် တစ်အိမ်တည်းနေ မောင်အရင်းက နေအိမ်ကို မီးရှို့ခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးထံမှ သိရသည်။
10-Apr-2017
ရက္ခိုင့်တပ်မတော်ဖလား AA Cup ဘောလုံးပွဲနှင့် ရက္ခိုင့်တပ်မတော်နေ့ အထိမ်းအမှတ်ပွဲ ကျင်းပသည့် မြောက်ဦးမြို့ မြတန်းဆောင် ဆရာတော်နှင့် ဦးဆောင်ကျင်းပသည့် ကိုခိုင်နီမင်းတို့ကို တပ်မတော်က အမှုဖွင့်ခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
10-Apr-2017
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးနယ်မြေရဲစခန်းမှူးနှင့် နယ်ထိန်းအရာရှိတို့ထံမှ လိုင်စင်မဲ့ယာဉ် နှစ်စီးကို ဧပြီလ ၈ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်က လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
10-Apr-2017
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာအုပ်စုရှိ ဖော့တောကျေးရွားအနီး လူတစ်ဦး တောမီးလောင်၍ သေဆုံးခဲ့ကြောင်း ဝါးဖြူးတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက ပြောကြားသည်။
10-Apr-2017
ချင်းပြည်နယ် ဟားခါးမြို့တွင်ကျင်းပမည့် မဟာသြင်္ကန်တွင် ဟားခါးသြင်္ကန်အိုင်ဒေါလ်အမည်ဖြင့် သီချင်းဆိုပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ပြည်နယ် စည်ပင်သာယာရေး ကော်မတီထံက သိရသည်။
09-Apr-2017
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ ငဝန်မြစ်တွင် ခရီးသည်တင် စက်လှေနှင့် ကျောက်စရစ်တင် CB တွဲ ရေယာဉ်တို့ တိုက်မိရာမှ ခရီးသည်တင် ရေယာဉ် နစ်မြုပ်ခဲ့ရာ ဧပြီလ ၇ ရက်မှ ယနေ့ (ဧပြီလ ၉ ရက်) အထိ သေဆုံးသူ ၃၀ ဦးထိရောက်ရှိလာပြီဖြစ်ကြောင်း ပုသိမ်မြို့ ပရဟိတ အဖွဲ့ထံများထံမှ သိရသည်။
09-Apr-2017
စစ်ကိုင်း တိုင်းဒေသကြီး ယင်းမာပင်မြို့နယ် တယ်ပင်ကန်ကျေးရွာရှိ ဓမ္မပါလကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားရာတွင် နိုင်ငံတော် သံဃမယာနာယကအဖွဲ့က ၆/၂၀၁၄ဖြင့် တရားနိုင်ပေးခဲ့သည့် ဆရာတော်ကြီးကို ကျောင်းအပ်နှံရေး ဆန္ဒဖော်ထုတ်ခဲ့မှုနှင့်ပတ်သက်၍ ယနေ့ (ဧပြီလ ၈ ရက်) တယ်ပင်ကန် ကျေးရွာရှိ ဒေသခံများက မုံရွာမြို့တွင် ရှင်းလင်းခဲ့သည်။
08-Apr-2017
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ပေါ်တွင် ကျပ်သိန်း ၅၅၀ တနိဖိုးရှိ ဘိန်းဖြူ ၁၈၉ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၅၂၇၀ ပြားကို နေအိမ် ၂ လုံးကို ရှာဖွေရာမှဖမ်းဆီးမိခဲ့ကြောင်း နမ္မတူမြို့မရဲစခန်းထံမှ သိရသည်။
08-Apr-2017
မန္တလေးတိုင်းဒေသကြီး နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့မရဲစခန်းမှ အချုပ်ကျတရားခံ အမျိုးသားနှစ်ဦးသည် ယနေ့ (ဧပြီလ ၈ ရက်)နံနက် ၈ နာရီခန့် ထွက်ပြေး လွတ်မြောက်သွားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
08-Apr-2017
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် မဇင်းရပ်ကွက် မဟာစေတီလမ်းပေါ်ရှိ နေအိမ်တစ်အိမ်တွင် ယနေ့ (ဧပြီလ ၈ ရက်) နံနက် ၁၀ နာရီခွဲခန့်က အိမ်သာကျင်းတူးရာမှ ဒုတိယကမ္ဘာစစ်လက်ကျန် စစ်လက်နက်ပစ္စည်းဟု ယူဆရသည့် အမြှောက်ကျည်ဆန် အမြောက်အများ တွေ့ရှိခဲ့ရသည်
08-Apr-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မဲသည်ကျေးရွာအုပ်စု ပေလည်ကျေးရွာတွင် ဧပြီလ ၅ ရက်နေ့က လူ ၁၃၈ ဦး အစာ အဆိပ်သင့်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
08-Apr-2017
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက်၊ ရွှေမော်ဓောဘုရားအနီး ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် ယနေ့ (ဧပြီလ ၈ ရက်) နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့နယ် မီးသတ်တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။