News

09-May-2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် စစ်ကျန်ဗုံးဟောင်း တစ်လုံး ပေါက်ကွဲခြင်းကြောင့် ကိုရင်ငယ် ရှစ်ပါး ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
09-May-2017
မွန်ပြည်နယ်အတွင်း၌ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်ကိုင်နေကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ပါဝင်ပတ်သက်နေသူများ ရပ်တန့်ကြရန် မွန်ပြည်နယ် ဝန်ကြီးချုပ်က သတိပေးလိုက်သည်။
08-May-2017
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကလေး-ကလေးဝမြို့ အကြား ကလေးမြို့အဝင် ကားလမ်း လမ်းဘေးဝဲယာရှိ သစ်ပင်ကြီး ငါးရာကျော်ကို ခုတ်လှဲကာ ကားလမ်းတိုးချဲ့ တည်ဆောက်မည်ကို ကန့်ကွက်ကြောင်း အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ဒါရိုက်တာ ဦးကျော်သက်ဝင်းက ပြောကြားသည်။
08-May-2017
ဖားကန့်မြို့ပေါ် မြို့မရပ်ကွက်တွင် မေလ ၇ ရက် ည ၁၀ နာရီခွဲ့ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
07-May-2017
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် စပါးကြိတ်ခွဲရန် လုပ်သားရှားပါးမှုကြောင့် ဆန်စက် ၅၀ ကျော်တွင် စပါး အမြောက်အမြား စုပုံထားရကြောင်း တိုက်ကြီးမြို့နယ်ရှိ ဆန်စက် လုပ်ငန်းရှင်များထံမှ သိရသည်။
07-May-2017
ဒေသခံတို့၏ အကျိုးစီးပွားကို ပိုမို ကာကွယ်ပေးနိုင်ရန် ပုဂံရှေးဟောင်းဇုန် နယ်နိမိတ် အကျယ်အဝန်းကို ဧက ငါးသောင်းခန့်အထိ တိုးချဲ့ သတ်မှတ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရှိရသည်။
07-May-2017
ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပထမဆုံးအကြိမ် တက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လှက ပြောကြားသည်။
07-May-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ‘ဝ’ အထူးဒေသ (၂) ဝမ်ဟုန်ရွာတွင် မေလ ၆ ရက် နံနက် ၉ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မိုင်းဆတ်မြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။
07-May-2017
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့တွင် မေလ ၆ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စစ်ကိုင်းတိုင်းရုံးထံမှ သိရှိရသည်။
07-May-2017
ပဲခူးတိုင်းဒေသကြီး ဖြုးမြို့နယ်အရှေ့ဖက် ၁၃ မိုင်ခန့်အကွာ အုတ်ဖြတ်ကျေးရွာသစ်တွင် စစ်တောင်းမြစ်ကမ်းပါး ပြိုကျမှုများကြောင့် နေအိမ်များ ထပ်မံပြောင်းရွှေ့ရမည်ကို စိုးရိမ်ကြောင်း ယင်းကျေးရွာသားများက ပြောကြားသည်။
06-May-2017
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် NLD ပါတီနှင့်သက်ဆိုင်သော သတင်းမှားများကို ဖြန့်ချိရေးသားနေသော NLD Central News နှင့် NLD သတင်းသီးသန့် အကောင့်ကို အရေးယူရန် မီဒီယာများသို့ ပြောကြားချက်မှာ တပ်မတော်ကို စွပ်စွဲပြောဆိုခြင်း မဟုတ်ဟု NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က တုံ့ပြန့် ပြောဆိုလိုက်သည်။
06-May-2017
ထားဝယ်မြို့နယ်အတွင်းရှိ အန္တရာယ်ရှိသည်ဟု ယူဆရသည့် တရားခံများကို ကျည်ကာအင်္ကျီ ဝတ်ပြီး ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထားဝယ် မြို့မ ရဲစခန်းထံမှ သိရသည်။
06-May-2017
သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူများအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေကြောင်း မေလ ၃ ရက်နှင့် ၄ ရက်နေ့တွင် ပြုလုပ်သည့် သံလွင်အလှ စကားဝိုင်းနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သည်။
06-May-2017
ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် သဗ္ဗညုဘုရား၏ အတွင်းပိုင်း ဒဏ်ရာများကို တရုတ် ဗိသုကာ ပညာရှင်များ ကူညီနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံ ခရီးစဉ်တွင် သဘောတူစာချုပ် MoU ရေးထိုးသွားမည်
06-May-2017
မနတှလေးတိုငှး သပိတကှငှှးမှို့နယှ စပပှါယနှဂိုရကှှေးရှာအုပစှု မှတတှောမှူကှေးရှာ အရှေ့ဘကှ ၁ မိုငခှန့အှကှာ တရားမဝငသှဈစကမှှ ဆကစှပပှဈစညမှှားနှင့တှရားမဝငသှဈမှား ဖမှးဆီးရမိခဲ့ကှောငှး သပိတကှငှှးမှို့နယှ သဈတောှဦးစီး အရာရှိ ဦးမှင့ထှှနှးက ပှောသညှ။