News

11-Jun-2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ညမထွက်ရအမိန့်ကို ယခု ဇွန်လ ၉ ရက်မှစ၍ နှစ်လ သက်တမ်းထပ်တိုးလိုက်သည်။
11-Jun-2017
ကျိုင်းတုံမြို့ မြို့မဈေးကြီး ပတ်ဝန်းကျင်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်သဖြင့် စည်းကမ်းမဲ့ ရပ်နားသည့် ယာဉ်များကို ယနေ့ (ဇွန်လ ၁၁ ရက်) နံနက်ပိုင်းက ဖမ်းဆီးခဲ့သည်။
11-Jun-2017
ကချင်ပြည်နယ် တနိုင်းဒေသ ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်း၌ တရားမဝင် တူးဖော်လုပ်ကိုင်နေသည့် ပယင်းမှော်နှင့် ရွှေမှော်များကို တပ်မတော်က နယ်မြေ ရှင်းလင်းမည်ဟု သတိပေးမှုကြောင့် ငါးရက်အတွင်း တနိုင်းမြို့သို့ ထွက်ပြေးလာသူ ငါး ထောင်ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း ယင်းဒေသခံများနှင့် ကူညီဆောင်ရွက်ပေးသူများထံမှ စုံစမ်းသိရှိရသည်။
10-Jun-2017
ဇွန်လ ၇ ရက်နေ့က ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေးရေယာဉ် Y-8 ကို မကြာမီ တွေ့နိုင်မည်ဟုမျှော်လင့်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
10-Jun-2017
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အုန်းဇုံးကျေးရွာအုပ်စု ဝက်သေကျေးရွာရှိ မြန်မာဂိုးလ်ဒင်းပွိုင့် ဖယ်မလီ ရွှေတူးဖော်ရေး ကုမ္ပဏီအင်းအတွင်း ဇွန်လ ၉ ရက်နေ့ ၁၀ နာရီ ၃၀ အချိန်ခန့်က အင်းပြို၍ လူနှစ်ဦး သေဆုံးခဲ့ကြောင်း ဝက်သေကျေးရွာ ဝက်သေကျေးရွာ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
10-Jun-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ် မိုင်းကန် သစ်တောကြိုးဝိုင်း အတွင်း၌ သစ်များ တရားမဝင် ထုတ်ယူသူများကို ဇွန်လ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေခဲ့ရာ သစ်ခွဲသားများ ဖမ်းဆီးရမိကြောင်း ယင်းပြည်နယ်သစ်တောဦးစီးမှူး ဦးစိုးမြင့်သိန်းက ပြောကြားသည်။
10-Jun-2017
ချင်းပြည်နယ်တွင် ကော်ဖီကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ပျိုးပင် ၁၀ သိန်းကို ယခုနှစ်မှ စတင်ကာ စိုက်ပျိုးထားကြောင်း ကော်ဖီပျိုးပင်များကို စတင်စမ်းသပ် စိုက်ပျိုးနေသည့် ချင်းတိုင်းရင်းသားတစ်ဦး ဖြစ်သည့် မိုက်ကယ်စွန်းသက ပြောကြားသည်။
10-Jun-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် အတွင်းရှိ ဒေသခံ တောင်သူများ စိုက်ပျိုးစရိတ် အဆင်ပြေစေရန်အတွက် လက်ရှိ မိုးစပါး စိုက်ပျိုးရာသီတွင် စတင်ထုတ်ချေးပေးခဲ့ရာ တောင်သူ ၂၀ ရာခိုင်နှုန်းခန့်သာ ချေးယူကြောင်း ကျိုင်းတုံမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးသက်လွင်က ပြောကြားသည်။
10-Jun-2017
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီပါတီ NSCN-K ဥက္ကဋ္ဌ ဦးကပ်ပလန် (Mr.(L)SS.Khaplang သည် အသက် (၇၇) နှစ် အရွယ်တွင် နန်းယွန်းမြို့နယ် အတွင်းရှိ တကားကျေးရွာတွင် ကွယ်လွန်သွားခဲ့ကြောင်း နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီပါတီမှ ခန္တီးမြို့ ဆက်ဆံရေး ဒုတာဝန်ခံ ဗိုလ်ကြီးလိုင်ကြူထောင်းက ပြောသည်။
09-Jun-2017
ပျက်ကျခဲ့သည့် တပ်မတော် လေယာဉ်တွင် လိုက်ပါခဲ့သူများအနက် ဇွန်လ ၈ ရက်နေ့တွင် ရုပ်အလောင်း ၃၁ လောင်းကို ဆယ်ယူရရှိပြီး ယင်းအနက် ရုပ်အလောင်း ၁၄ လောင်းကို ဇွန်လ ၉ ရက်နေ့တွင် ထားဝယ်မြို့ ဇယာသုသာန်တွင် သြင်္ဂိုဟ်ခဲ့သည်။
09-Jun-2017
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်း၌ ခရီးသွားလာခွင့်များနှင့် ပတ်သက်၍ ကန့်သတ်ချက်များကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ထုတ်ပြန်လိုက်သည်။
08-Jun-2017
ကချင်ပြည်နယ်၊ တနိုင်းဒေသ ကေအိုင်အေ ထိန်းချုပ်နယ်မြေ အတွင်းရှိ တရားမဝင် တူးဖော်လုပ်ကိုင်နေသည့် ပယင်းမှော်နှင့် ရွှေမှော်များကို တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်မည်ဟု သတိပေးမှုကြောင့် တနိုင်းမြို့သို့ နေ့စဉ် ထွက်ပြေးလာသူ လေးရာကျော်ရှိပြီး ကျန်ရှိနေသေးသူ သိန်းနှင့်ချီ ရှိနေသေးကြောင်း ယင်းဒေသခံများနှင့် ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။
08-Jun-2017
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ချမ်းသာကျေးရွာအုပ်စု အုန်းတကူးကျေးရွာ၏ အရှေ့ဘက်လေးမိုင်ခန့်အကွာ အင်ပျံတောင်တဲငါးလုံးအနီးတွင် ယနေ့ (ဇွန်လ ၈ ရက်) မွန်းလွဲ ၁ နာရီခန့်က ဝါးခုတ်သွားသည့် အမျိုးသမီးကြီးတစ်ဦး တောဆင်နင်းခံရ၍ သေဆုံးခဲ့ကြောင်း
08-Jun-2017
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ထိုင်ခုံခါးပတ်မတပ်သည့်ယာဉ်များ ဇွန်လဆန်းမှစ၍ ဖမ်းဆီးခဲ့ရာ သီတင်းတစ်ပတ်အတွင်း ယာဉ်စီးရေ ၈၀၀ ကျော်ကို အမြန်လမ်းရဲက ဖမ်းဆီးခဲ့သည်။
08-Jun-2017
ပျက်ကျ တပ်မတော်လေယာဉ်တွင် လိုက်ပါသည့် ခရီးသည်များ၏ ရုပ်အလောင်းများကို လိုက်လံရှာဖွေဆယ်ယူလျက်ရှိပြီး လက်ရှိတွင် လောင်းလုံးမြို့မှ ၄ မိုင်ခန့်ကွာသည့် စမ်းလှမ်းကမ်းခြေသို့ အလောင်းများကို သယ်ယူနေပြီး ဖြစ်ကြောင်း လိုက်လံကူညီဆယ်ယူနေသည့် ငါးဆွဲလှေပဲ့နင်း တစ်ဦးက ပြောသည်။