13-Oct-2016
ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှုကြောင့် လ.ဝ.က ဝန်ထမ်းများကို လက်နက် တပ်ဆင်ပေးရန် ရှိသော်လည်း သီးသန့် ညွှန်ကြားချက် မရှိသေးကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် (လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား) ဦးမြင့်ကြိုင်က ပြောကြားသည်။
13-Oct-2016
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ပြည်သူ့ဆေးရုံကြီး အနောက်ဘက် ရင်ခွဲရုံအရှေ့၌ ယနေ့ (အောက်တိုဘာ ၁၃ ရက်) မွန်းတည့် ၁၂ နာရီခန့်က အသက် ၄၀ ခန့်အရွယ် တီဘီရောဂါဝေဒနာရှင် အမျိုးသားတစ်ဦးကို လာရောက်စွန့်ပစ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောကြားသည်။
13-Oct-2016
ပဲခူးတိုင်ဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကိုင်းကြီးကျေးရွာအုပ်စု ကြေးစည်ရွာအနီး ကျေးရွာချင်းဆက် လမ်းပေါ်၌ အောက်တိုဘာ ၁၂ ရက် ည ၇ နာရီခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်းသုံးဦးကို လက်နက်များ ကိုင်ဆောင်လျက် တွေ့ရှိခဲ့ရသည်ဆိုသည့် သတင်းနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်တပ်ရင်းများမှ တာဝန်ရှိသူများ ပူးပေါင်းလျက် ပိုက်စိတ်တိုက် ရှာဖွေနေကြောင်း ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြောကြားသည်။
12-Oct-2016
ရုပ်ရှင်၊ ဗီဒီယိုကားများ ရိုက်ကူးရာတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်း၊ LGBT (လိင်တူ ချစ်သူများ၊ ကျား၊ မ စိတ် နှစ်မျိုးရှိသူ) များအကြောင်း ရိုက်ကူးနေသည် ဒါရိုက်တာများ အနေနှင့် လူ့အခွင့်အရေး သိရှိနားလည်ရန်လိုကြောင်း မန္တလေးမြို့ရှိ အမျိုးသမီး အခွင့်အရေးနှင့် LGBT အရေး တက်ကြွ လှုပ်ရှားသူများက ပြောကြားသည်။
12-Oct-2016
"လုံခြုံရေးရဲစခန်းတွေ ရုတ်သိမ်းမှုလုံးဝမရှိပါဘူး။ ဒေသခံပြည်သူတွေအတွက် လုံခြုံရေးကို အင်အား အပြည့်အဝနဲ့ ဆောင်ရွက်နေပါတယ်။ နိရဉ္စရာသတင်းမှာဖော်ပြထားသလို ရဲစခန်းတွေရုတ်သိမ်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး"
12-Oct-2016
"မြေက အောက်ကို သုံးပေလောက်နိမ့်ကျသွားလို့ လူတွေလဲ မနေရဲတာနဲ့ အခုမနက်ပဲ အိမ်ကို ဖျက်ပြီး ပုံထားလိုက်ရတယ်။ လူတွေကတော့ နေစရာ မရှိသေးလို့ သူ့အမျိုးတွေ အိမ်မှာ ကပ်ပြီးနေနေရတယ်။ ထပ်မံပြောင်းရွှေ့ရမယ့် အိမ်လေးလုံးလောက် ကျန်နေသေးပေမယ့် လောလောဆယ် စောင့်ကြည့်မှုတွေ လုပ်နေပါတယ်"
11-Oct-2016
ရခိုင်ပြည်နယ်အစိုးရ အနေနှင့် ရခိုင်ပြည်သူတို့၏ လုံခြုံရေးကို တာဝန်မယူနိုင်လျှင် ပြည်ထောင်စုအစိုးရ (သို့မဟုတ်) တပ်မတော်ထံ လွှဲပေးရန် ရခိုင်ပြည်နယ် သြဝါဒစရိယ ဆရာတော်ကြီးများက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို မိန့်ကြားလိုက်သည်။
10-Oct-2016
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်၊ အောက်လမ်းမကြီးရှိ သံလွင်ဈေးတွင် ငါးဈေးဒိုင်များ ထားရှိသဖြင့် ငါးအနံ့ဆိုးများ ထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ ငါးဈေးဒိုင်များကို ကျောက်တန်းရပ်ကွက်သို့ ပြောင်းရွှေ့မည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောကြားသည်။
10-Oct-2016
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာရှိ အခြေခံပညာအထက်တန်း (ခွဲ) ကျောင်းတွင် ကျောင်းသားကျောင်းသူများကို သရဲ (ပရလောကသား) များ ဝင်ရောက်ပူးကပ်နေသည် ဆိုသဖြင့် အောက်တိုဘာလ ၄ ရက်နေ့က ကျောင်းပိုင်မြေထဲမှ ဝ ဒသမ ၃၆ ဧကကို သုသာန်မြေအဖြစ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ပေးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောကြားသည်။
09-Oct-2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှုအဖွဲ့ ဌာနချုပ် (ကျီးကန်းပြင် ဌာနချုပ်)နှင့် ကိုးတန်ကောက်၊ ငါးခူရ နယ်ခြားစောင့် စခန်း နှစ်ခုက ယနေ့ (အောက်တိုဘာလ ၉ ရက်) နံနက်က တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့ရာ တပ်မတော် ရဟတ်ယာဉ် အသုံးပြု၍ အင်အား အလုံးအရင်းဖြင့် ပြန်လည် ပိတ်ဆို့ရှင်းလင်းလျက် ရှိကြောင်း ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။
09-Oct-2016
မွန်ပြည်နယ်တွင် ခရီးသွား ဧည့်သည် အများဆုံး ဝင်ရောက်သည့် ကျိုက်ထီးရိုး ဒေသတွင် ရသေ့တောင်နှင့် ကျိုက်ထီးရိုး ရင်ပြင်အနီးသို့ ကေဘယ်ကြိုး ရထားလိုင်း ပြေးဆွဲရန်အတွက် Main Station တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းအထိ ပြီးစီးပြီဖြစ်ကြောင်း ယင်းစီမံကိန်းကို လုပ်ကိုင်ခွင့် ရရှိထားသော Sky Asia ကုမ္ပဏီ ကေဘယ်ကြိုး ရထားလုပ်ငန်း အထူး အကြံပေး အရာရှိအဖွဲ့မှ ဦးအောင်သန်းက ပြောကြားသည်။
08-Oct-2016
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အောက်တိုဘာလ (၈) ရက်နေ့က ထိုင်းတပ်မတော်သုံး ရဟတ်ယာဉ်ဟု ယူဆရသော ရဟတ်ယာဉ် (၁) စင်းသည် နယ်နိမိတ်ကျော်လွန် ပျံသန်းဝင်ရောက် လာခဲ့ကြောင်း မြဝတီ မြို့မရဲစခန်းမှ သိရသည်။
08-Oct-2016
ရခိုင် အမျိုးသားပါတီ (ANP)မှ ဦးစီးပြီး ရခိုင်ပြည် နိုင်ငံရေးကို ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့၌ ယနေ့ (အောက်တိုဘာ ၈ ရက်)မှ စတင်ပြီး ကျင်းပလျက် ရှိသည်။
08-Oct-2016
သိမ်းဆည်းခံ မြေယာများ ပြန်လည်ရရှိရေး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ တောင်သူ ၃၀၀ ကျော်က ပြင်ဦးလွင်-ကျောက်ဆည် ခရိုင်ချင်းဆက် အထောက်အကူပြု လမ်းတစ်လျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ပြီး အဆိုပါ လမ်းတစ်လျှောက်ရှိ သိမ်းဆည်းခံ မြေယာဧက ၃၀၀ ကျော်ပေါ်တွင် ယနေ့ (အောက်တိုဘာ ၈ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်၍ ထွန်ယက်စိုက်ပျိုးကာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြကြောင်း အဆိုပါ ဆန္ဒ ထုတ်ဖော်သူများက ပြောကြားသည်။
08-Oct-2016
နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဖြစ်ပွားလျက်ရှိသော ရောဂါများ ကုသနိုင်ရန်နှင့် အကူအညီ ပေးနိုင်ရန်အတွက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ကွင်းဆင်း သုတေသန ပြုလုပ်ရန် ညှိနှိုင်းခဲ့ပြီး ဖြစ်သည်ဟု စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။