News

26-May-2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာမှ နမ့်ခမ်းမြို့သို့ သွားလာနိုင်သည့် မဟာဗျူဟာလမ်းပေါ်ရှိ တံတားတစ်စင်း မေလ ၂၅ ရက်နေ့က ဖောက်ခွဲ ဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
24-May-2017
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ရသေ့တောင်မှ ကျိုက်ထီးရိုးတောင်ပေါ်သို့ ပြေးဆွဲရန် ဆောက်လုပ်လျက် ရှိသည့် ကေဘယ်လ်ကား စီမံကိန်းသည် လာမည့် ဇူလိုင်လအတွင်း စမ်းသပ်ကာလအဖြစ် စတင် ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း Sky Asia Co.,Ltd. တာဝန်ရှိသူများထံမှ သိရသည်။
24-May-2017
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း နေထိုင်ကြသည့် လယ်မဲ့ ယာမဲ့ တောင်သူဦးရေ ၁၀ဝ ကျော်အတွက် လယ်ဧက ၃၀၅ ဧကကို အခမဲ့ ပေးအပ်ခဲ့ကြောင်း
24-May-2017
မေလ ၂၄ ရက်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကို နာဂလူမျိုး ကိုယ်စားပြုအဖြစ် စေလွှတ် တက်ရောက်နိုင်မည် မဟုတ်ကြောင်း နာဂအမျိုးသားရေးရာ ကောင်စီနှင့် နာဂ ရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) တို့က မေလ ၂၂ ရက်က ထုတ်ပြန်သည်။
24-May-2017
ကျိုင်းတုံမြို့၏ ပထမဆုံးပုဂ္ဂလိက HYPER MARKET ကို အမှတ် (၂) ရပ်ကွက်တွင် မေလ ၂၈ ရက်နေ့မှစတင်၍ ဆောက်လုပ်မည်ဖြစ်ကြောင်း နောင်တုံကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းတစ်အောင်က ပြောကြားသည်။
24-May-2017
ဧရာဝတီတိုင်းဒေသကြီး၊ မြစ် ချောင်းများတွင် ပြေးဆွဲနေသော မြင်းကောင်ရေ ၂၀ အောက် ရေယာဉ်ငယ်များကို ရေယာဉ်မှတ်ပုံတင် ထုတ်ပေးနိုင်ရေးအတွက် မြောင်းမြနှင့် ငါးသိုင်းချောင်း မြို့များတွင် စမ်းသပ် ထုတ်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
23-May-2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု ၁၃ မိုင်ရွာအနီးရှိ တောင်ယာတဲတစ်ခုတွင် မေလ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က မြေယာရှင်းလင်းရာမှ တွေ့ရှိသော ဗုံးဟောင်းကို ဝါးခြမ်းကြားတွင်ညှပ်ကာ မြေကြီးပေါ် ရိုက်ခွဲသူမှာ ဗုံးပေါက်ကွဲ၍ သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှသိရသည်။
23-May-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် တာလေမြို့ရှိ တာလေချောင်း တစ်လျှောက်တွင် ရွှေဖောင်များဖြင့် တရားမဝင် ရွှေတူးဖော်နေခြင်းကို အရေးယူ ဖြေရှင်းပေးရန် ဇွန်လ ၆ ရက်နေ့၌ ကျင်းပမည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း တာချီလိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောကြားသည်။
23-May-2017
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပန်းဘဲတန်းရပ်ကွက် ဇောတိကလမ်းရှိ အိမ်တစ်လုံးတွင် မေလ ၁၃ ရက်မှ မေလ ၂၁ ရက်အထိ နေရာအနှံ့ လိုအလျောက် မီးလောင်မှု ဖြစ်ပွားရခြင်းမှာ အိမ်ပတ်လည်မှ ဓာတ်ငွေ့များနှင့် သက်တမ်းကြာ နေအိမ်မှ သစ်သားတို့ ဓာတ်ပြုမှုကြောင့် ဖြစ်နိုင်ကြောင်း ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး ဦးစိုးနောင်က ပြောကြားသည်။
23-May-2017
မူလတန်းပညာမပြီးသေးသည့် ကျောင်းပြင်ပရောက် ကလေး ခုနစ်သောင်းကျော်ကို စာသင်ပေးမည်ဖြစ်ကြောင်း ဘုန်းတော်ကြီးသင် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ထံမှ သိရှိရသည်။
23-May-2017
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူ မြို့အနီးရှိ မဒေးကျွန်း၌ တရုတ်ရေနံတင် သင်္ဘောများ ဝင်ထွက် သွားလာမှုကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်သဖြင့် မဒေးကျွန်း ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
22-May-2017
ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိုင်မွှာလ်ကျေးရွာတွင် ဆုတောင်းပွဲ၌ကျွေးသည့် မုန့်စားမိရာမှ လူ ၁၈ ဦး အစာအဆိပ်သင့်ပြီး ရိဒ်ခေါဒါရ်မြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်နေရကြောင်း တီးတိန်မြို့နယ် အုပ်ချုပ်ရေမှူး ဦးဂိုဆွမ်းဆိုင်က ပြောကြားသည်။
21-May-2017
မုံရွာမြို့ပေါ်၌ မေလ ၂၁ ရက်နေ့ မွန်းလွဲသုံးနာရီခန့်က မိုးသက်လေပြင်းကျရာမှ မိုးကြိုးပစ်မှုကြောင့် အောင်ချမ်းသာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ အမှတ် ၁၆ ခြေလျင်တပ်ရင်းအတွင်း မီးလောင်မှုဖြစ်ခဲ့ကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးထံမှသည်။
21-May-2017
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော်များ၊ ဆရာလေးများ၊ ဆရာ၊ ဆရာမများ အနေနှင့် ကလေးများကို ရိုက်နှက်၍ စာမသင်ကြားရန် ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော်ဘဒ္ဒန္တ နာယကက ပန်ကြားသည်။
21-May-2017
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မွေတော်ကက္ကူဘုရားတွင် ဒရုန်းဖြင့် ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုမှတ်တမ်း ရိုက်ကူးခြင်းကို ဧပြီလမှစ၍ တားမြစ်ထားကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရှိရသည်။