News

02-Nov-2016
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်နှင့် အိမ်စီးယာဉ်များအနက် သတ်မှတ်မိုင်နှုန်းထက် ပိုမို မောင်းနှင်သည့် ယာဉ်များကို စက်တင်ဘာလ ၁ ရက်နေ့ကစ၍ ဖမ်းဆီး အရေးယူခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့အထိ နှစ်လအတွင်း ယာဉ်စီးရေ ၃ဝဝဝ နီးပါး ဖမ်းဆီး ရမိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
02-Nov-2016
တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ လူမျိုးများ တင်ဆောင်သည့် အဝေးပြေးယာဉ်လိုင်း အချို့ကို တစ်လ ပိတ်သိမ်း အရေး ယူသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဌာန (ပို့/ဆက်) ထံမှ သိရသည်။
01-Nov-2016
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ဖြစ်သော ၆၁ ကြိမ်မြောက် ကရင်ပြည်နယ်နေ့တွင် ရိုးရာ လှေလှော်ပြိုင်ပွဲကို ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း ဘားအံခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ စုံစမ်း သိရှိရသည်။
01-Nov-2016
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ မြောက်နန်ချွန်ကျေးရွာနေ အမျိုးသား ၂၁ ဦးကို တရုတ်နိုင်ငံသို့ တရားမဝင် ပိုဆောင်ပေးခဲ့သည်ဟု ဆိုသူကို အောက်တိုဘာ ၃၁ ရက်က အမှုဖွင့်အရေးယူခဲ့ကြောင်း ရေတာရှည် မြို့မရဲစခန်းထံမှ စုံစမ်းသိရသည်။
01-Nov-2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ကျိုင်းတုံ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် ၄၈၀ နှင့် ၄၈၁ အကြားရှိ ပေ ၃၀၀ ခန့်နက်သည့် ချောင်ကမ်းပါးအတွင်းသို့ အောက်တိုဘာ ၃၁ ရက် ညနေ ၅ နာရီခန့်က ကုန်တင်ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်ခဲ့ရာ နှစ်ဦး သေဆုံးခဲ့ကြောင်း မိုင်းပျဉ်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
31-Oct-2016
ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ တစ်ရပ်ကို ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသည့် အကြမ်းဖက်မှု လေ့လာ စုံစမ်းရေး ကော်မတီက လာမည့် နှစ်ပတ်အတွင်း ပြုစုသွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။
31-Oct-2016
စစ်တွေ မင်းဂံရပ်ကွက်ရှိ ရခိုင်တိုင်းရင်းသားများ နှင့် ဘင်္ဂါလီများ ဆက်စပ်နေသည့် နေရာတွင် ရှိသော ရဲကင်းစခန်းကို အောက်တိုဘာ ၃၁ ရက်နေ့ ည ၁၀ အချိန်ခန့်က အတိုက်ခံရသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် ဒုရဲမှူးကြီး စိုးမြင့်အောင်မှ ပြောကြားသည်။
31-Oct-2016
မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေး ကားလမ်းတစ်ခု ဖြစ်သည့် ကလေးဝ-ယာကြီး-မုံရွာကားလမ်း မိုးဆက်တိုက်ရွာသွန်းပြီး ရွှံ့နွံထူထပ်သဖြင့် မော်တော်ယာဉ်များကို ကျွဲဖြင့်ဆွဲ၍ သွားလာနေရကြောင်း ကလေးဝမြို့ရှိ ယာဉ်မောင်းများက ပြောသည်။
31-Oct-2016
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ဝါးကြီးအိုင်ကျေးရွာ ယင်းချောင်းထဲသို့ အောက်တိုဘာ ၃၀ ရက် ညနေ ၂ နာရီခန့်က အမျိုးသမီးကြီးတစ်ဦး မျောပါသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ဝါးကြီးအိုင် နယ်မြေရဲစခန်းထံမှ သိရှိရသည်။
28-Oct-2016
အဂတိ လိုက်စားမှုဖြင့် အမှုဖွင့် ခံရသည့် ပြင်ဦးလွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုတိယ ဦးစီးမှူးနှင့် အကြီးတန်း စာရေးတို့ကို သက်ဆိုင်ရာ တရားရုံးများတွင် စွဲချက် တင်လိုက်ပြီ ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံမှ စုံစမ်း သိရှိရသည်။
28-Oct-2016
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့နယ်ခွဲ တီကျစ် ကျေးရွာတွင်ရှိသော တီကျစ် ကျောက်မီးသွေး စက်ရုံကို အောက်တိုဘာလ ၂၁ ရက်နေ့က ပြန်လည် စမ်းသပ်လည်ပတ်မှုအပေါ် စိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရသည်။
28-Oct-2016
မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်သူ ၁ဝ ဦးကို အောက်တိုဘာလ ၂၇ ရက်နေ့က ထပ်မံ ဖမ်းမိကြောင်း မြန်မာ့တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။
27-Oct-2016
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ရပ်တန့်ပေးရန် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့ရှိ ဒေသခံများက အောက်တိုဘာ ၂၇ နေ့ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံးထံ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်သည်။
27-Oct-2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလား အထူးဒေသ(၄) NDAA လက်နက်ကိုင် အဖွဲ့ပိုင် စစ်စခန်းကုန်းများကို ဝင်ရောက် သိမ်းပိုက်ထားသည့် အထူးဒေသ(၂) UWSA “ဝ” လက်နက်ကိုင် အဖွဲ့များသည် အောက်တိုဘာလ ၂၄ ရက်နေ့ နောက်ဆုံးထားကာ ယင်းဒေသမှ ဆုတ်ခွာပေးရန် တပ်မတော်က ညွှန်ကြား ထားသော်လည်း လက်ရှိ အချိန်အထိ မဆုတ်ခွာ၍ တိုက်ပွဲများ ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။
27-Oct-2016
ရခိုင်ပြည်နယ် မောင်တောဒေသ တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နယ်မြေ ရှင်းလင်းမှု၊ အကြမ်းဖက်သမားများကို ဖမ်းဆီးထိန်းသိမ်းမှုများကို ဥပဒေနှင့် အညီ လုပ်ဆောင်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။