News

06-Jul-2017
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြစ်ကမ်းဘေးတွင် တည်ရှိသော မြို့လေးခုမှ အိမ်ထောင်စုပေါင်း ၃၅၀ ကျော်သည် ရေလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရပြီး စာသင်ကျောင်း ၅၀ ကျော် ပိတ်ထားရကြောင်း စစ်ကိုင်းတိုင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရုံးထံမှ သိရသည်။
06-Jul-2017
မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာ အလုပ်သမားများ ပြန်လည် လွတ်မြောက်ရေးနှင့် တရားဝင် လုပ်ကိုင်ခွင့် ရရှိရေးအတွက် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
05-Jul-2017
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်းရှိ တမူးမြို့နှင့် မြို့သစ်မြို့အကြား ဆက်သွယ် သွားလာသည့် လမ်းပေါ်တွင်ရှိသည့် တံတားကမ်းကပ်ခုံ ရေတိုက်စားပျက်စီးပြီး သွားလာမှု ရပ်ဆိုင်းကြောင်း ဒေသခံများထံမှ သိရသည်။
05-Jul-2017
ချင်းတွင်းမြစ်ဖျားပိုင်းရှိ မြို့သုံးမြို့အနီး ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ရောက်ရှိပြီးနောက် ရေလွတ်ရာ ပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု ၁၅၀ ကျော်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စစ်ကိုင်းတိုင်းညွှန်ကြားရေမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။
04-Jul-2017
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အထူးကုန်စည်ခွန် ဥပဒေပြဋ္ဌာန်းခဲ့ပြီး နောက်ပိုင်း အရက်၊ ဘီယာနှင့် စီးကရက်တို့မှ အခွန်ကောက်ခံရရှိမှုမှာ ပြီးခဲ့သည့် နှစ်နှစ်ထက် မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
04-Jul-2017
ပြည်မြို့တွင် ၆ ရက်ဆက်တိုက် အုပ်စုဖွဲ့ ဓားခုတ်မှုများ ဖြစ်ပွားလာသောကြောင့် ရပ်ကွက်အလိုက် ဒေသခံများက ဇူလိုင်လဆန်းမှစတင်ကာ လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းကာ ညစဉ် လုံခြုံရေး ဆောင်ရွက်နေကြောင်း ကျောင်းကြီး အိုးတန်းရပ်ကွက်မှ လုံခြုံရေးအဖွဲ့ ဦးဆောင်သူ ဦးဇော်ထွန်းနိုင်က ပြောကြားသည်။
04-Jul-2017
ရခိုင်ပြည်နယ် စစ်တွေမြို့ မှန်စီ ဒုက္ခသည်စခန်းမှ ဘင်္ဂါလီများသည် လုံခြုံရေး အစောင့်အရှောက် မပါဘဲ လှေအရောင်းအဝယ် ပြုလုပ်ရန် စစ်တွေမြို့ပေါ် လာရောက်ရာမှ ဒေသခံတိုင်းရင်းသားများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဘင်္ဂါလီ အမျိုးသားတစ်ဦး သေဆုံး၍ ခြောက်ဦး ဒဏ်ရာ ရရှိသွားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။
04-Jul-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အနီး ချင်းတွင်းမြစ်အတွင်း၌ ဇူလိုင်လ ၄ ရက်နေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်က ခရီးသည်တင် ရေယာဉ်တစ်စင်း မီးလောင်ခဲ့ကြောင်း ကနီမြို့မ ရဲစခန်းထံမှ သိရသည်။
04-Jul-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အတွင်းရှိ ချင်းတွင်းမြစ်ကမ်းပါးတွင် တည်ရှိသည့် ကျေးရွာများအတွင်း မိုးဆက်တိုက်ရွာပြီး ချင်းတွင်းမြစ်ရေသည် ကျေးရွာများအတွင်း ဝင်ရောက်လာခြင်းကြောင့် ဟုမ္မလင်းမြို့နယ် အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း ကိုးကျောင်း ပိတ်ထားရကြောင်း ဟုမ္မလင်းမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
04-Jul-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခုတင် ၃၀၀ ဆံ့ တပ်မတော်ဆေးရုံကြီးတွင် ဇူလိုင်လ ၂၄ ရက်နေ့က စတင်၍ Smile Train Foundation က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် နှာခေါင်းကွဲ ကလေးငယ်များကို ပထမဆုံးအကြိမ် အခမဲ့ ကုသပေးမည် ဖြစ်ကြောင်း ကျိုင်းတုံမြို့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစိုင်းဇော်မင်းက ပြောကြားသည်။
04-Jul-2017
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဇူလိုင်လ ၁ ရက် နံနက်ပိုင်းက သစ်ကားဖမ်းဆီးသော သစ်တောဝန်ထမ်းများကို သစ်ကားပိုင်ရှင်နှင့်အဖွဲ့က တုတ်၊ လေးခွတို့ဖြင့် လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။
03-Jul-2017
အရှေ့မြောက်ဒေသ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နှင့် သီပေါမြို့နယ် အကြားတွင် ဇွန်လ၂၆ ရက်နေ့ ညနေက ဖမ်းဆီးခြင်းခံရသည့် သတင်းထောက် သုံးဦး အပါအဝင် ခြောက်ဦးကို နမ့်ဆန်မြို့မရဲစခန်းတွင် ပြောင်းရွှေ့ အမှုဖွင့်လှစ်ထားကြောင်း နမ့်ဆန်မြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
03-Jul-2017
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ်ဒေသထွက် တံမြက်စည်းကို မလေးရှားနှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့ ရောင်းချနေကြောင်း တံမြက်စည်းလုပ်ကိုင်သူ ဒေါ်ကြည်ကြည်ပြုံးက ပြောကြားသည်။
02-Jul-2017
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းရှိ သီပေါမြို့မရဲစခန်းကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၄ နာရီခွဲခန့်က ဒေသန္တရလုပ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရပြီးနောက် နာရီပိုင်း အကြာတွင် ကျောက်မဲမြို့နယ်အတွင်းရှိ ရထားလမ်း မိုင်းထောင် ဖျက်ဆီးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
01-Jul-2017
ထိုင်းနိုင်ငံမှ ကရင်ပြည်နယ် မြဝတီမြို့ ကိုးသုံးလုံးဂိတ်မှတစ်ဆင့် နေရပ်ပြန်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁ ရက်အတွင်း တစ်သောင်းကျော် ရောက်ရှိနေပြီဖြစ်ကြောင်း မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောကြားသည်။