News

05-Jun-2017
မြင်းခြံမြို့အနောက်ဖက် ၅ မိုင်ခန့်အကွာရှိ ထနောင်းတိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် စာသင်ခန်း၊ စာသင်ခုံ၊ ဆရာ၊ ကျောင်းသားအချိုး အခြေအနေများကြောင့် အထက်တန်းကျောင်းသားများ ကျောင်းအပ်လက်မခံနိုင်တော့ကြောင်းကြေညာခဲ့ရာ ယနေ့(ဇွန်လ ၅ရက်)တွင် ပြန်၍ ကျောင်းအပ်လက်ခံပြီ
05-Jun-2017
ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) က မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ CB ဘဏ်သို့ ဆက်ကြေးငွေ ပေးဆောင်ရန် ခြိမ်းခြောက်စာပို့ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
04-Jun-2017
မိတ္ထီလာမြို့ရှိ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ရာ သီရိမင်္ဂလာရပ်ကွက်တွင် ဘာသာရေး အဆောက်အအုံ မဟုတ်သော နေရာသုံးခုတွင် စုပေါင်းဝတ်ပြုခြင်း မလုပ်ရန် ဇွန်လ ၃ ရက်နေ့က တားမြစ်လိုက်ကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီထံမှ စုံစမ်းသိရှိရသည်။
03-Jun-2017
နိုင်ငံတော်က အသက် ၉၀ နှစ်အထက် ဘိုးဘွားများကို ဇွန်လ ၁၅ ရက်မှစတင်၍ လူမှုရေးပင်စင်များ ပေးအပ်မည်ဖြစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်ကိုးခုရှိ ဘိုးဘွား ၁၈၂ ဦး လူမှုရေးပင်စင် ရရှိမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှူး ဦးကျော်သူနိုင်က ပြောကြားသည်။
03-Jun-2017
မြန်မာနိုင်ငံရှိ သြစတေးလျ ကျောင်းသားဟောင်းများအဖွဲ့က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒေသခံများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်ဝန်ထမ်းများ အစိုးရဌာနဆိုင်ရာများနှင့် လက်တွဲကာ “CLEAN BEACH – CLAEN WATER CAMPAIGN”ကို မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ချောင်းသာကမ်းခြေဒေသ အုပ်ချုပ်ရေးအဖွဲ့မှ သိရှိရသည်။
03-Jun-2017
တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းအချို့တွင် တိုင်းရင်းသား ဘာသာစကား သင်ကြားပေးနေသည့် ဒေသခံ ဆရာ၊ ဆရာမများကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှာကြားချက်နှင့် ဝန်ကြီးဌာနများ ညှိနှိုင်းပေါင်းစပ်ပြီး ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာဦးစီးဌာနတွင် သင်ကြားရေးလက်ထောက် အဖြစ် အတည်ပြု ခန့်အပ်သွားရန် ရှိနေကြောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးက ပြောကြားသည်။
03-Jun-2017
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာအနီးရှိ ရွှေတူးဖော်သည့် လုပ်ကွက်တစ်ခုတွင် ရွှေတွင်းပြိုကျရာမှ လူ ၃ ဦး မြေပိသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မိုင်းကိုင်းနယ်မြေ ရဲစခန်းထံမှ သိရသည်။
03-Jun-2017
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ ထမံသီကျေးရွာအကြား ဆက်သွယ်သွားလာရန်အတွက် ဖောက်လုပ်ထားသည့် တစ်ခုတည်းသော ကားလမ်းပေါ်တွင် ရှိသည့် တံတား ၃ စင်း ရေထဲမျောပါပြီး လမ်းများ ပျက်စီးခဲ့သဖြင့် ကားများ ဆိုင်ကယ်များ သွားလာမှု ရပ်ဆိုင်းသွားခဲ့ကြောင်း လေရှီးမြို့ မကူရီနာဂယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကြောင်ထောင်းက ပြောသည်။
03-Jun-2017
ပင်လယ်ရေလှိုင်း ရိုက်ခတ်မှုကြောင့် ပြိုကျသွားသည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ ပင်လယ်ရေတားတမံကို ဆည်မြောင်းဦးစီးဌာနက တစ်လအတွင်း ပြန်လည်တည်ဆောက်ပေးရမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
02-Jun-2017
ကျောင်းဖွင့်ရာသီဖြစ်၍ ကျောင်းမုန့်ဈေးတန်းများတွင် တရားမဝင် ထုတ်လုပ်ရောင်းချနေသည့် ဓာတုဆိုးဆေးပါ စားသုံးရန် မသင့်သည့်မုန့်များ ရောင်းချခြင်း မပြုစေရန်အတွက် ထိရောက်စွာ စစ်ဆေးပေးရန် တောင်းဆိုထားကြောင်း တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲအမည်ဖြင့် လှုပ်ရှားသူများထံမှ သိရသည်။
02-Jun-2017
မွန်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်မှု လိုလားပါက ကျောက်မီးသွေး အသုံးပြုမှုကို လက်ခံရမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
02-Jun-2017
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့သို့ ရောက်ရှိလာသော တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဆိုင်းဘုတ်ကိုင်ကာ ကြိုဆိုခဲ့မှုကြောင့် အမှုဖွင့်ခံရသူနှစ်ဦး၏ အမှုကို ဇွန်လ ဒုတိယပတ်အတွင်း တရားရုံးတင်မည် ဖြစ်ကြောင်း ဟုမ္မလင်း မြို့မရဲစခန်းမှူး ဒုရဲမှူးကြည်စိုးက ပြောကြားသည်။
02-Jun-2017
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း၏ ငွေကြေးအရှုပ်တော်ပုံတွင် တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည်ဟု ဆိုသော ပဲ့ထောင်စက်လှေ နှစ်စင်းကို ဌာနသို့ ပြန်ပေထားကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က ပြောကြားသည်။
02-Jun-2017
ခရီးသွားအများအပြား လာရောက် လည်ပတ်လေ့ရှိနေသည့် ကမ္ဘာကျော်ဂုတ် ထိပ်တံတားအနီးတွင် အရှည်ပေ ၂၀ဝ၀ ကျော်ရှိ ကြိုးဆိုင်းတံတား အသစ်တစ်စင်းကို တည်ဆောက်မည်ဖြစ်ကြောင်း Oriental Highway ကုမ္ပဏီလီမိတက်ထံမှ သိရသည်။
02-Jun-2017
ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အသီးသီးတွင် ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ထားသော ငွေကြေးနှင့် စက်ပစ္စည်းများနှင့် ပတ်သက်၍ စာရင်းရှင်းလင်းမှု၊ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှုနှင့် ရှေ့ လုပ်ငန်းစဉ်များကို တိုင်းလွှတ်တော် ကော်မတီက ကွင်းဆင်း စစ်ဆေးမည်