News

18-Aug-2017 tagged as ကညန
မော်တော်ယာဉ်၊ ဆိုင်ကယ် အစရှိသည့် ယာဉ်နှင့် ပတ်သက်သည့် ကညန လုပ်ငန်းများအတွက် ကျသင့်ငွေထက် ငွေကြေးပိုမို တောင်းခံပါက တိုင်းဦးစီးမှူးထံ တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) တိုင်းဒေသကြီး ဦးစီးမှူးက ပြောကြားသည်။
18-Aug-2017 tagged as လက်နက်ကိုင်
မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဒေသတွင်း တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာသည့် ကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့်အဖွဲ့နှင့် တပ်မတော် အမှတ် (၄) စစ်ဆေးရေးအထူးအဖွဲ့မှူး (ကစထမှူး) ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။
18-Aug-2017 tagged as ရေကြီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာတွင် ဥရုချောင်း ရေမြင့်တက်ခဲ့ပြီး ကျေးရွာအတွင်းရှိ တိုက်နယ်ဆေးရုံတွင် ရေဝင်ရောက်ခဲ့ရာ လူနာများကို ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးရန် စီစဉ်ထားကြောင်း နမ့်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနေဝင်းက ပြောကြားသည်။
17-Aug-2017 tagged as
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာသစ်တော ကြိုးဝိုင်းအတွင်းရှိ ငပိန်တလယ်ချောင်းဖျားတွင် စမ်းချောင်းအတွင်း မျောပါလာသည့် တောဆင်ရိုင်းပေါက် တစ်ကောင်ကို သြဂုတ်လ ၁၇ ရက် မွန်းလွဲပိုင်းက ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
17-Aug-2017 tagged as
အထက်တန်းဆင့်နှင့် တက္ကသိုလ်များတွင် သမိုင်းဘာသာရပ် အထူးပြုသင်ကြားသည့် ကျောင်းသားနည်းလာသဖြင့် သမိုင်းဘာသာရပ် အထူးပြု ထူးချွန်ကျောင်းသားများ၊ သုတေသန လုပ်ဆောင်နေသည့် ဆရာများကိုကူညီရန်နှင့် သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းကို ဂုဏ်ပြုသည့်အနေနှင့် ဒေါက်တာသန်းထွန်း ဖောင်ဒေးရှင်း ဖွဲ့စည်းထူထောင်မည်
17-Aug-2017 tagged as ကော်ဖီ
တောင်ပေါ် အပန်းဖြေစခန်မြို့အဖြစ် လူသိများသည့် ကရင်ပြည်နယ် သံတောင်ဒေသ စိုက်ပျိုးမြေ ဧရိယာတစ်ခုလုံးကို ဓာတုကင်းလွတ် အော်ဂဲနစ်စိုက်ပျိုးရေဇုန်အဖြစ် ယခုနှစ်တွင် သတ်မှတ်ရန် ဆောင်ရွက်နေသည်ဟု စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ယနေ့(သြဂုတ်လ ၁၇ ရက်)မှစတင်၍ မြစ်ရေကြီးမှုကြောင့် လူနေအိမ်နှင့် စာသင်ကျောင်းများ ရေနစ်မြုပ်လျက်ရှိကြောင်း သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
17-Aug-2017 tagged as ကျိုင်းတုံ
ကမ္ဘာလှည့်ခရီးသွား လာရောက် လည်ပတ်မှုများသည့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ မြို့တွင်းလမ်းများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လမ်းညွှန်ဆိုင်းဘုတ်များ စိုက်ထူမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။
17-Aug-2017 tagged as H1N1
မုံရွာပြည်သူ့ဆေးရုံကြီးတွင် H1N1 ဖြင့် တက်ရောက်ကုသနေသည့် နည်းပညာတက္ကသိုလ် ကျောင်းသူသည် ရောဂါမှာ သက်သာပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း မုံရွာပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးငြိမ်းက ပြောကြားသည်။
16-Aug-2017 tagged as တောဆင်ရိုင်း
ဧရာဝတီတိုင်းဒေသကြီးတွင် တောဆင်ရိုင်းများ အသတ်ခံရမှု လျော့ကျစေရေးအတွက် တောဆင်ရိုင်း သတ်ဖြတ်မှုများကို သတင်းပေးနိုင်သူကို ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့မှ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ငပုတောမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်စိုးက ပြောသည်။
16-Aug-2017 tagged as
မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ % ရှိသော ကျေးလက်ဒေသတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအသစ်ကို ဖွဲ့စည်းလိုက်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ၍ စာသင်ကျောင်း ၁၂ ကျောင်းကို ယာယီ ပိတ်ထားရပြီး ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားရကြောင်း ရွှေကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အနီး ချင်းတွင်းမြစ်ရေ စိုးရိမ်းရေမှတ် ကျော်လွန်ရောက်ရှိကာ စပါးစိုက်လယ်ဧက ၇၀၀ ကျော် ရေဝင်နစ်မြုပ်ကြောင်း ခန္တီးခရိုင် စိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ကျောက်မီးသွေးသုံးပြီး လည် ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေ စက်ရုံ Mawlamyine Cement Ltd. (MCL) အနီးဝန်းကျင်တွင် နေထိုင်နေကြသည့် ဒေသခံများ သောက်ရေ သုံးရေနှင့်ပတ်သက်ပြီး စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။
16-Aug-2017 tagged as
ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ် ဆရာဝန်ကို ကျူရှင်ဆရာ သုံးဦးက ဩဂုတ်လ ၁၄ ရက်နေ့က ဝန်ချတောင်းပန်ကာ နှစ်ဖက် ကျေအေးခဲ့သော်လည်း ဒေသခံများက တရားစွဲဆိုမည်ဆိုသည့်အပေါ် တိုက်နယ် ဆရာဝန် ဒေါက်တာကျော်မျိုးဇော်က တရားစွဲဆိုမှု မဖြစ်စေရေးအတွက် ဖျောင်းဖျနေရကြောင်း ဒေသခံများထံမှ သိရသည်။