News

25-Mar-2017
ချင်းပြည်နယ်ရှိ တီးတိန်မြို့နယ်ကို ခရိုင်အဆင့် တိုးမြှင့်နိုင်ရေး တင်ပြတောင်းဆိုနိုင်ရန်အတွက် အချက်အလက် စုဆောင်းမှု ပြုလုပ်နေပြီ ဖြစ်ကြောင်း တီးတိန်မြို့နယ် အုပ်ချုပ်ရေမှူးရုံးမှ သိရသည်။
24-Mar-2017
လူသေဆုံးသည်အထိ ပဋ္ဋိပက္ခများ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာ မုံရွာ-ပုသိမ်လမ်းပေါ်တွင် ကျောက်သယ်ယာဉ်စီးရေ ၁၀၀ ကျော်ကို ဒေသခံများက တားဆီးခဲ့သဖြင့် မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက သေနတ်အချက် ၅၀ ခန့် ပစ်ဖောက်ရှင်းလင်းခဲ့မှုကြောင်း ဒေသခံများထံမှ သိရသည်။
24-Mar-2017
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာ မုံရွာ-ပုသိမ်လမ်းပေါ်တွင် ကျောက်သယ်ယာဉ်များကို ဒေသခံများက တားဆီးနေမှုကို ယနေ့ (မတ်လ ၂၄) ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက သေနတ်အချက် ၅၀ ခန့် ပစ်ဖောက်ကာ ရှင်းလင်းခဲ့ပြီး ကျောက်သယ်ယာဉ်များကို ဆက်မောင်းစေခဲ့ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် ဒေသခံများထံမှ သိရသည်။
24-Mar-2017
ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဒေသခံများနစ်နာမှု အနည်းဆုံး ဖြစ်အောင် လုပ်ဆောင်မည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောကြားသည်။
24-Mar-2017
ပဋိပက္ခများ မကြာခဏ ဖြစ်ပေါ်နေ သည့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာ မုံရွာ- ပုသိမ် လမ်းမပေါ်တွင် ကျောက်သယ်ယာဉ်များကို တားဆီးခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ လူစုဝေးခြင်းတို့ မပြုလုပ်ရန် တားမြစ်လိုက်ပြီး လိုက်နာမှုမရှိပါက အင်အားသုံး ဖမ်းဆီးမည်
21-Mar-2017
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ မဟာသင်္ကြန်ပွဲတော် ဆုပေးမဏ္ဍပ်များနှင့် ဗဟိုမဏ္ဍပ်များတွင် ဖျော်ဖြေမည့် သံချပ်အဖွဲ့များကို ဆင်ဆာဖြတ်တောက် စိစစ်သွားရန် မရှိကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးက ပြောကြားသည်။
21-Mar-2017
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက် နယ်မြေရှိ သရောင်းချောင်း သုသာန်တွင် အကျွတ်အလွတ် အထူး တရားပွဲကို မတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပထမဆုံးအကြိမ် ကျင်းပလျက်ရှိကြောင်း အဆိုပါ တရားပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။
21-Mar-2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ကို ဗဟိုပြု၍ ပြေးဆွဲနေသည့် ကျိုင်းတုံ-တောင်ကြီး အမြန်ယာဉ်လိုင်းများ အပါအဝင် အခြားမြို့များသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းများသည် သင်္ကြန်ကာလအတွင်း ယာဉ်စီးခ ပိုမိုတောင်းခံပါက အရေးယူမည်
21-Mar-2017
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်နှင့် နာဂလန်းပြည်နယ်အတွင်း နေထိုင်သူများ၏ သီးနှံစားပွဲတော် နီးလာသည့်အတွက် မြန်မာထွက်သီးနှံများကို နယ်စပ်မှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့နေရကြောင်း တမူးမြို့ရှိ သစ်သီးကုန်သည်များ၏ အဆိုအရ သိရသည်။
20-Mar-2017
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုးရေးမြို့အကြား နှစ်နိုင်ငံ ဆက်သွယ်သည့် ငါးလကြာ ပိတ်ထားသော နယ်စပ်ကုန်သွယ်ရေး ကားလမ်းပြန်ဖွင့်သည့်အတွက် နန်းဖာလုံဈေး အရောင်းအဝယ် ပြန်လည်မြင့်တက်ကြောင်း နန်းဖာလုံဈေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
19-Mar-2017
ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း သစ်တောဌာနနှင့် Mighty Marine ကုမ္ပဏီ ပူပေါင်းပြီး သစ်ထုတ်လုပ်နေမှုကို ရပ်တန့်ပေးရန် ယနေ့ (မတ်လ ၁၉ ရက်) ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ရွှေကွင်းကျေးရွာမှ ကိုမင်းခိုင်က ပြောကြားသည်။
19-Mar-2017
လာအို-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းလပ်မြို့၊ နမ့်ဆီးရွာတွင် မတ်လ ၁၈ ရက် ညနေ ၅ နာရီခွဲခန့်က အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး မီးခွက်ဆော့ကစားရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကျိုင်းလပ်နယ်မြေ မီးသတ်စခန်းထံမှ သိရှိရသည်။
18-Mar-2017
မွန်ပြည်နယ်၊ မုဒုံမြို့ ကန်သာယာပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိမှု မွန်တိုင်းရင်းသားအရေး လှုပ်ရှာသူများ ဦးဆောင်သူများ စုပေါင်း၍ ယနေ့(မတ်လ ၁၈ ရက်) ညနေပိုင်းက မုဒုံမြို့ ကန်သာယာပန်းခြံ အနောက်တွင် ကန့်ကွက် ဟောပြော
18-Mar-2017
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာတွင် တည်ရှိသည်။ ကျိုက္ကသာမြို့ဟောင်းနေရာတွင် မြေအိုးဖြင့် ထည့်ထားသည့် ရွှေပြား အလေးချိန် တစ်ပိဿာကျော် တူးဖော်တွေ့ရှိ
18-Mar-2017
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။