News

25-Dec-2016
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ကလေးဝ မြို့နယ်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းများကို ပြင်သစ်နိုင်ငံမှ ပညာရှင်များက ဇန်နဝါရီလ ပထမပတ်တွင် လာရောက်လေ့လာမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသန်းထိုက်က ပြောကြားသည်။
24-Dec-2016
ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ နှစ်သစ်ကူးကာလတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သူ များပြားသောကြောင့် နံနက် ၂ နာရီမှ ညနေ ၆ နာရီအထိ တောင်တက်ကားများ ပြေးဆွဲပေးနေရကြောင်း
24-Dec-2016
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အဖျောက်မြို့ အမှတ် (၄)ရပ်ကွက်၊ ပုတုန်းပိတ်ကျေးရွာတွင် ဧရာဝတီမြစ် ကမ်းပါးများ ပြိုကျမူများကြောင့် အိမ်ထောင်စု၇ဝ ကျော် ပြောင်းရွှေ့နေရကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက ပြောကြားသည်။
23-Dec-2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများသည် ဒေသတွင်း အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းပြီး ဒေသခံ တိုင်းရင်းသားများ မနေထိုင်ဝံ့ဘဲ နေရပ်စွန့်ခွာစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း မောင်တောမြို့ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။
22-Dec-2016
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ထိုင်း-မြန်မာ ချစ်ကြည်ရေးအတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် နှစ်နိုင်ငံ စက်ဘီးဝါသနာရှင်များ စုပေါင်း စက်ဘီးစီးကြမည် ဖြစ်ကြောင်း Kyaing Tong Mountain Bike အဖွဲ့ထံမှ သိရသည်။
22-Dec-2016
ချင်းမျိုးနွယ်စု အရေအတွက်ကို အစိုးရ အဆက်ဆက်က ၅၃ မျိုး ရှိသည်ဟု သတ်မှတ်ခဲ့သည့်အပေါ် အမှန်တကယ်ရှိသော ချင်းမျိုးနွယ်စု စာရင်း ရရှိရေးအတွက် လေ့လာသုံးသပ်မှု ပြုလုပ်ခဲ့ရာ ချင်းမျိုးနွယ်စု ၅၁ စုအထိ ရရှိခဲ့ကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်ဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီမှ ညှိနှိုင်းရေမှုး (၂) ဆလိုင်းအောင်းမင်းလှိုင်က ပြောကြားသည်။
22-Dec-2016
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်လွတ်မြောက်ရေးတပ် (RCSS/SSA) တို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ သုံးထောင်ကျော် နေရပ်စွန့်ခွာ၍ သီပေါနှင့် နမ္မတူမြို့ပေါ်သို့ တိမ်းရှောင်လာကြောင်း သီပေါမြို့ခံများထံမှ သိရသည်။
20-Dec-2016
ကချင်ပြည်နယ် မြောက်ပိုင်းရှိ ဆော့လော်မြို့နယ်တွင် ဆန်တစ်အိတ် ကျပ် ငါးသောင်းကျော်နှုန်း ရှိနေသဖြင့် ငွေကြေးချို့တဲ့သူများမှာ သစ်ဥ၊ သစ်ဖု များသာ စားသုံးနေရသည်ဟု ဆော့လော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးလာမာလေးက ပြောကြားသည်။
20-Dec-2016
မကွေး တိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မင်းကျေးရွာတွင် စုန်းအတတ် တစ်ဖက်ကမ်းခပ် တတ်သူများ ရှိသည်ဟု လူမှုကွန်ရက်တွင် စွပ်စွဲရေးသားမှုနှင့် ပတ်သက်၍ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနှင့် မင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ဆက်သွယ်ရေး ပုဒ်မဖြင့် အပြန်အလှန် အမှုဖွင့်
20-Dec-2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နှစ်လကျော်ကြာ ရပ်နားထားရသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေးစခန်းကို ဒီဇင်ဘာလအကုန်တွင် ပြန်လည် ဖွင့်လှစ်နိုင်မည်
19-Dec-2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း(အနောက်)ရွာ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓါးထိုးခံရကြောင်း နိုင်ငံတော် အတိုင်ပင်ခံ သတင်းထုတ်ပြန်ရေး ကော်မတီက ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်) သတင်းထုတ်ပြန်လိုက်သည်။
18-Dec-2016
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပုဂံဘုရားများအနက် လူသိများသည့် ဘုရားများ အပါအဝင် ဘုရားအချို့ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကစ၍ အကြီးစား ပြုပြင်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။
18-Dec-2016
ကျွန်းများတွင် ယခင်က ဧကပေါင်း ရာထောင်ချီ လုပ်ကိုင်ခွင့် ရထားသည့် လုပ်ငန်းရှင်များ အနေနှင့် စာချုပ်ပါ အချက်အလက်အတိုင်း မလုပ်ဆောင်ပါက စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က သတိပေး ပြောကြားလိုက်သည်။
18-Dec-2016
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် ယနေ့ (ဒီဇင်ဘာ ၁၈ ရက်) နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ရာ ခရီးသည်တင် မှန်လုံယာဉ် တစ်စီးပေါ်မှ တရားမဝင် တင်ဆောင်လာသည့် မီးသွေးအိတ်များ ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။