News

15-Jan-2017
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ၊ မုန်းပြဒါးတောင်တွင် ဇန်နဝါရီလ ၁၄ ရက် နံနက် ၄ နာရီခန့်က ထင်းခုတ်ရန် လှည်းဖြင့် တောတက်လာသူ လေးဦးကို လက်နက်ကိုင်ဆောင်ထားသူများက ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
15-Jan-2017
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့ မြောင်းမြ အကျဉ်းထောင်တွင် ဇန်နဝါရီလ ၁၂ ရက် ညနေပိုင်းက ထောင်တံခါးမကြီး ဝင်ပေါက်တွင် WY စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
15-Jan-2017
မုံရွာမြို့၏ အဓိက လမ်းမကြီးများ ဘေးတွင် ရောင်းချနေသည့် ကျူးကျော်ဈေးဆိုင်များကို ရှင်းလင်းပြီးနောက် ဈေးသုံးခုနှင့် အခြားနေရာလွတ်များတွင် နေရာသစ် ချထားပေးမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောကြားသည်။
14-Jan-2017
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့နယ် တွင် တပ်မတော်နှင့် တအာင်း/ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုမှာ ပိုမိုပြင်းထန်လာကြောင်း ဒေသခံများနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များထံမှ သိရသည်။
14-Jan-2017
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ယနေ့ (ဇန်နဝါရီလ ၁၄ ရက်)မှ စတင်ကာ နှစ်ရက်အကြာ ကျင်းပလျက်ရှိရာ နာဂတိုင်းရင်းသား မျိုးနွယ်စု ပေါင်းစုံ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော် တက်ရောက်သည်။
13-Jan-2017
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ဆန္ဒပြခွင့် မရှိသည့် နေရာများတွင် တရားသောစစ် ထောက်ခံသူများကို စီတန်းလှည့်လည်ခွင့် ပြုခဲ့သဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပဲခူးတိုင်း NLD ပါတီ ဥက္ကဋ္ဌက ဇန်နဝါရီလ ၁၃ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒပြကြောင်း အဆိုပါ ပါတီရုံးမှ အဖွဲ့မှူး ဦးအေးချိုက ပြောကြားသည်။
13-Jan-2017
အခမ်းအနား အားလုံးနီးပါးကို တက်ရောက်သတင်းယူနိုင်သည့် ၆ လ သက်တမ်းရှိ လုံခြုံရေး ကတ်ပြားများကို တနင်္သာရီအခြေစိုက် သတင်းသမားများအား ရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၉ ရက်က စတင်ထုတ်ပေးလျက် ရှိသည်။
13-Jan-2017
မွန်ပြည်နယ် မော်လမြိုင်ခရိုင် အတွင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား မွန်ဘာသာ အခြေခံ စကားပြောသင်တန်း သင်ကြားပို့ချလျက် ရှိကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
12-Jan-2017
ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ်ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်တွင် ကပ်လှူထားသည့် ရွှေသင်္ကန်းများကို ရှေးမူ မပျက်စေရန် ဇန်န၀ါရီလ ၁၂ ရက်နေ့ က စတင်ခွာယူလျက်ရှိကြောင်း မဟာမုနိဘုရား ဂေါပက ဦးညိုသာလှက ပြောကြားသည်။
12-Jan-2017
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ခမရ ၅၄၀ တပ်ရင်းအချုပ်အတွင်း ချုပ်ထားသည့် ရဲဘော်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း မြောက်ဦးတပ်နယ်မှ တပ်မတော်အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။
12-Jan-2017
ဖားကန့်ရတနာမြေ အတွင်းရှိ ကျောက်မျက်ကုမ္ပဏီများသည် ခွင့်ပြုချက်မရဘဲ လုပ်ကွက်အတွင်း နိုင်ငံခြားသားများ ခန့်အပ်အသုံးပြုပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ သိရသည်။
11-Jan-2017
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ပေါ်သို့ လာရောက် တပ်ဖြန့်သဖြင့် တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သော တအာင်း/ ပလောင်လွတ်မြောက်ရေးတပ်ဦး (TNLA) ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ကြောင်း နမ့်ဆန်ဒေသခံများထံမှ သိရသည်။
11-Jan-2017
ယခင်အစိုးရလက်ထက်က ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် ရည်ရွယ် ပိတ်သိမ်းခဲ့သော လားရှိုး-မူဆယ်လမ်းပိုင်း သိန္နီမြို့ရှိ နာမည်ကျော်ရေပူစခန်းကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းမြို့နယ် အကောက်ခွန် ဦးစီးဌာနထံမှ သိရသည်။
11-Jan-2017
မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် တရားခံများထံမှ လာဘ်ငွေရယူ တရားစီရင်ခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စွပ်စွဲခံရပြီးနောက် ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။
11-Jan-2017
ပူတာအိုမြို့နယ် မလိခမြစ်နှင့် မူလာရှီဒီး မြစ်ဆုံတွင် စက်လှေ တိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် လေးဦးအနက် ရုပ်အလောင်း နှစ်လောင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီက တွေ့ရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။