News

24-Apr-2017
အခွန်ကောက်ခံ တိုးတက်မှုအပေါ် မူတည်ပြီး အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဝန်ထမ်းများကို သုံးလ တစ်ကြိမ် စောင့်ကြည့်ပြီး ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခြင်းဖြစ်သည်။
24-Apr-2017
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ (ဧပြီလ ၂၄ ရက်) နံနက်ပိုင်းက နေ့စားလပေး ဆရာ၊ ဆရာမများကို မြို့ နယ် အခြေပြု မူလတန်း ဆရာအတတ်ပညာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သပိတ်ကျင်းမြို့ နယ် မြို့နယ်ပညာရေးမှူး ဦးခင်မောင်သောင်းက ပြောကြားသည်။
24-Apr-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းတွမ်းမြို့တွင် ဧပြီလ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က လေပြင်းတိုက်ခတ်၍ နေအိမ် ၆၀ ကျော် ပျက်စီးခဲ့ပြီး လူဦးရေ ၂၀၀ ကျော် လေဘေးသင့်ခဲ့ကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
23-Apr-2017
တရားမဝင် လောင်းကစား လုပ်ငန်းများကို တားဆီး ထိန်းချုပ်ရာတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ပြီးမှသာလျှင် တားဆီး ထိန်းချုပ်နိုင်မည်
23-Apr-2017
သိန်းနီရေပူ အမြဲတမ်း စစ်ဆေးရေး စခန်းအနီး တရားမဝင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်မောင်းများထံ စစ်ဆေးရေး ဝန်ထမ်းများ၏ ဖမ်းဆီးမှု အခြေအနေကို သတင်းပေး၍ ငွေတောင်းခံနေသူများကို ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း
23-Apr-2017
လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော တနင်္သာရီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ရွာသားတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်သည့်ကိစ္စကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးအောင်စိုးက ပြောကြားသည်။
23-Apr-2017
ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း ဧပြီလ ၂၂ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်၍ နေအိမ် ၃ လုံးပြိုကျခဲ့ပြီး ၁၃ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရှိရသည်။
23-Apr-2017
ပခုက္ကူ-ရန်ကုန် ပြေးဆွဲနေသည့် ပုဂံမင်းသား ခရီးသည်တင်ယာဉ်လိုင်းမှ ကားသည် ဧပြီလ ၂၂ ရက်၊ ညနေ ၆ နာရီခန့်က ညောင်ဦးမြို့နယ် လက်ပံခြေရွာ ဧရာဝတီ တံတားတောင်ဘက်ထိပ် အရောက်၌ အင်ဂျင် အပူရှိန် လွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း လက်ပန်ခြေပေါ် ရဲကင်းထံမှ သိရှိရသည်။
23-Apr-2017
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း ဧပြီလ ၂၂ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်၍ လူနေအိမ် ၂၄၀ ကျော် ပျက်စီးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။
23-Apr-2017
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မ ရဲစခန်းတွင် ဧပြီလ၂၁ ရက်နေ့က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့် ဖမ်းဆီးခံရသူ ဦးမျိုးဇော်ထွေးမှာ NLD ပါတီဝင် မဟုတ်ကြောင်း ပခုက္ကူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းဆွေက ပြောကြားသည်။
22-Apr-2017
သင်္ကြန်ကာလအပြီး လှောင်လက်များက ဝယ်ယူစုဆောင်းမှုကြောင့် မုံရွာမြို့ ကြက်သွန် ဈေးကွက်တွင် ကြက်သွန်နီ ဈေးနှုန်း မြင့်တက်လာကြောင်း ကြက်သွန်ပွဲရုံများထံမှ စုံစမ်း သိရှိရသည်။
22-Apr-2017
စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များတွင် ပြေးဆွဲနေသော ခရီးသည်ယာဉ်များတွင် တောရိုင်း တိရစ္ဆာန်ထွက်ပစ္စည်းနှင့် အစိတ်အပိုင်းများ မသယ်ဆောင်ရေးအတွက် အသိပညာပေး လှုပ်ရှားမှုများကို ဧပြီလဆန်းမှ စတင်ကာ လုပ်ဆောင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။
22-Apr-2017
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် အတွင်းရှိ ပျားစွဲဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းရှိ ဆင်များ ပြသမှုကို ရာသီဥတု ပူပြင်းလာသည့်အတွက် ခေတ္တရပ်နားထားကြောင်း ပျားစွဲဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းမှ ပြသရေး တာဝန်ခံ ဦးမောင်နိုင်က ပြောသည်။
21-Apr-2017
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း တည်ရှိသည့် လွဲကြီးကျေးရွာမှ နေအိမ်ငါးဆယ်ကျော်ကို တပ်ပိုင်မြေအတွင်း ကျရောက်နေသည်ဟုဆိုကာ နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ အမှတ် ၁၂၂ ခြေလျင်တပ်ရင်းက အတင်းအကျပ် ရွှေ့ပြောင်းခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
21-Apr-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့အမှတ် (၃) ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ယနေ့ (ဧပြီ ၂၁ ရက်) နံနက် ၉ နာရီက စတင်၍ ကျိုင်းတုံခရိုင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်နေသူများထံမှ သိရသည်။