News

27-Jul-2017
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်း ကျေးရွာအုပ်စု ကလိတ်တုတ်ကျေးရွာရှိ အခြေခံမူလတန်းကျောင်း (ဘီးဇိုင်း)တွင် ကျောင်းသား ၂၀ ကျော် ပြင်းထန် အဖျားရောဂါ ဖြစ်ပွားကြောင်း အဆိုပါမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
27-Jul-2017
ရခိုင်ပြည်နယ် ပညာရေးမြင့်မားရေး၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက် မြင့်မားရေးနှင့် ကျောင်းသား ကျောင်းသူများ၏ အတန်းချိန်မှန်ရေးအတွက် ကျောင်းအသီးသီးရှိ ကျောင်းအုပ်ကြီးများ အနေနှင့် တစ်ရက်လျှင် အနည်းဆုံးတစ်ကြိမ် စာဝင်ရောက်သင်ကြားရန် ညွှန်ကြားထားကြောင်း ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။
27-Jul-2017
နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့သော တပ်မတော်နှင့် သတင်းမီဒီယာသမားများနှင့် တွေ့ဆုံပွဲမှာ နှစ်ဖက် သဘောတူညီချက်ရရန် တွေ့ဆုံဆွေနွေးသည့်ပွဲ မဟုတ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောကြားသည်။
27-Jul-2017
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် အပြင်းစား ကြက်ငှက်တုပ်ကွေး ရောဂါပိုး H5N1 တွေ့ရှိပြီးနောက် နယ်စပ်ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှ အေးခဲကြက်သား တင်သွင်းမှုကို ပိတ်ပင်လိုက်သည်။
27-Jul-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများနှင့် ဆိုင်ကယ်ဦးထုပ် မဆောင်းသူများကို စတင် အရေးယူမည်ဖြစ်ကြောင်း အမှတ် ၁၁၁ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။
27-Jul-2017
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ဇူလိုင်လ ၂၇ ရက်နေ့က H1N1 တုပ်ကွေးရောဂါ ဝေဒနာရှင်တစ်ဦး တွေ့ရှိထားကြောင်း တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ပြောကြားသည်။
27-Jul-2017
ရတနာမြေငါးခုအတွင်း၌ ရှိသော ဇူလိုင်လကုန်တွင် သက်တမ်းကုန်မည့် ကျောက်စိမ်း၊ ကျောက်မျက်လုပ်ကွက် ၉၀၀ ကျော်ကို အစိုးရထံ ပြန်လည်အပ်နှံရမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။
26-Jul-2017
မကြာမီ ရက်ပိုင်းအတွင်း ကျင်းပတော့မည့် တောင်ပြုန်းပွဲတော်တွင် H1N1 ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော သတိပြုရမည့် အချက်များ ပါဝင်သော သတိပေး ဆိုင်းဘုတ်များ ထားရှိပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
26-Jul-2017
ထားဝယ်မြို့ရှိ ကြက်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေး H5 N1 တွေ့ရှိမှုကြောင့် ထားဝယ်မြို့နယ်ရှိ စာသင်ကျောင်းများ ငါးရက် ပိတ်ရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးထံမှ သိရသည်။
26-Jul-2017
ရာသီတုပ်ကွေးရောဂါ (H1N1) ထိန်းချုပ်ရန် ကာကွယ်ဆေး ထိုးသင့်၊ မသင့် ဇူလိုင်လ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် ဆေးပညာရှင်များ ဆွေးနွေး၊ ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောကြားသည်။
26-Jul-2017
တာချီလိတ်မြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မြို့ရှောင်လမ်း ရွှံ့ဗွက်အတွင်း နစ်မြုပ်နေသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ ပိတောက်သစ်ခွဲသား ကိုးတန်ကျော် ဖမ်းမိခဲ့ရာ ယနေ့ (ဇူလိုင်လ ၂၆ ရက်) နံနက်ပိုင်းတွင် အမှုဖွင့်ထားကြောင်း တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။
26-Jul-2017
သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း စံပြဈေးအနီး တည်ဆောက်နေသည့် လူကူးခုံးကျော်တံတား ဩဂုတ်လအတွင်း အပြီးတည်ဆောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။
25-Jul-2017
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်ရှိ သံလွင်တံတား (တာဆန်း) ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၂၄ ရက် မွန်းလွဲပိုင်းက ကိုယ်ပိုင်ယာဉ်တစ်စီးပေါ်မှာ ကျပ်သိန်း ၁၉၀ဝ၀ ကျော်ဖိုး ဘိန်းဖြူဘလောက်တုံးများ ဖမ်းမိကြောင်း မိုင်းပန်မြို့မရဲခန်းထံမှ သိရသည်။
25-Jul-2017
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်ရန် ယနေ့(ဇူလိုင်လ ၂၅ ရက်) ကျင်းပသော အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသက်မင်းဦးက အာမခံ မပေးရန် တင်ပြဆွေးနွေးခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် အများစုက ယင်းပုဒ်မကို ပယ်ဖျက်သင့်ကြောင်း တုံ့ပြန်ဆွေးနွေးခဲ့ကြသည်။
25-Jul-2017
ထားဝယ်တွင် ကြက်ငှက်တုပ်ကွေး တွေ့ရှိသည်ဟု ဇူလိုင်လ ၂၅ ရက်က ထားဝယ်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာ သိန်းဇော်မင်းက ပြောသည်။