News

05-Jan-2017 tagged as
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်များတွင် ဘုရားဖူး ခရီးသည်များ လိုက်ပါ စီးနင်းမည့် ထိုင်ခုံများတွင် ဇန်န၀ါရီလ ၇ ရက်မှစ၍ ထိုင်ခုံခါးပတ်များ တပ်ဆင်မည်ဖြစ်ကြောင်း ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ် အသင်းထံမှ သိရသည်။
05-Jan-2017 tagged as မုံရွာ
မုံရွာတက္ကသိုလ်၏ ၁၇ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အကြို အခမ်းအနားသို့ ဂုဏ်ထူးတန်းကျောင်းသူတစ်ဦးသည် မြန်မာ့ ရိုးရာလှည်းယာဉ် စီးနင်း၍ ဇန်န၀ါရီလ ၅ ရက်နေ့က ပထမဆုံး တက်ရောက်ခဲ့ကြောင်း မုံရွာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများထံမှ စုံစမ်း သိရှိရသည်။
တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု ဝှေလှေလန်ကျေးရွာအနီးရှိ မြန်မာဧရာမွန် လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်တွင် ဇန်နဝါရီလ ၄ ရက်နေ့ ည ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်၍ လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
05-Jan-2017 tagged as ဖားကန့်
ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝှေခါးအပိုင် မော်ဖီတွင် မြေပြိုဒဏ်ခံခဲ့ရသည့် အိမ်ခြေ ၂၀ ကျော်ကို သက်ဆိုင်ရာ ကျောက်မျက်ကုမ္ပဏီများက မြေနေရာသစ် ချပေးကြောင်း ယင်းဒေသခံများထံမှ သိရသည်။
05-Jan-2017 tagged as
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် အတွင်းရှိ အလောင်းတော်ကဿပ ဘုရားသို့ သွားရောက်သည့် ကားလမ်း ပြင်ဆင်မှုများ ပြီးစီးပြီ ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောကြားသည်။
05-Jan-2017 tagged as ကရင်
ပြည်တွင်းခရီးသွားများ သွားလာရာ နေရာသစ်အဖြစ် ရေပန်းစားလာသည့် ကရင်ပြည်နယ်၊ ကျုံထော်ရေတံခွန် အနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် ခရီးသွားယာဉ်များ လှည့်ပြန်ခဲ့ရကြောင်း မွန်နှင့် ကရင်ပြည်နယ် ဒေသခံ ဧည့်လမ်းညွှန်များက ပြောကြားသည်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို တစ်နှစ်လျှင်တစ်ကြိမ် ဒေသတွင်းရှိ မြို့များကို အလှည့်ကျ ကျင်းပလျက်ရှိရာ ယခုနှစ်ပွဲ တော်ကို လဟယ်မြို့တွင် ကျင်းပမည် ဖြစ်ကြောင်း
04-Jan-2017 tagged as
မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ဇန်နဝါရီလ ၃ ရက်နေ့က လူတစ်ဦး သေနတ်ဖြင့် အပစ်ခံရမှုအပြီး နယ်စပ်လုံခြုံရေး တိုးမြှင့်ရန်အတွက် နန်းဖာလုံဈေးကို ယနေ့(ဇန်နဝါရီလ ၄ ရက်)မှစတင်၍ သုံးရက်ကြာ ပိတ်ထားမည်
04-Jan-2017 tagged as ရှမ်းပြည်
ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ် ဟော်ဟောင်းကွင်း (ကျောက်တိုင်ကွင်း) တွင် ယနေ့ (ဇန်နဝါရီ ၄ ရက်) ညနေ ၄ နာရီ၌ ညဈေးတန်း ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ရာသီဥတု မကောင်းသည့်အတွက် ရက်ရွှေ့ဆိုင်း
03-Jan-2017 tagged as ကလေး
ပူတာအိုမြို့နယ် မလိခမြစ်နှင့် မူလာရှီးဒီချောင်းဆုံတွင် ဇန်နဝါရီ ၂ ရက် ညနေ ၅ နာရီခန့်က စက်လှေတိမ်းမှောက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး လေးဦး ပျောက်ဆုံးနေကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မုံရွာသတင်းထောက် အသတ်ခံရမှုအတွက် ကေတီဗီမှ ဝန်ထမ်းနှစ်ဦး ဖြစ်သည့် မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးတို့ကို ဇန်နဝါရီလ ၂ ရက်နေ့က အာမခံဖြင့် လွှတ်ပေးရန် စီစဉ်ခဲ့သော်လည်း စစ်ဆေးရန် ကျန်ရှိသည့်အတွက် မလွှတ်ပေးဖြစ်ခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်း စခန်းမှူးဖြစ်သူ ဒုရဲမှူး သိန်းဆွေမြင့်က ပြောကြားသည်။
02-Jan-2017 tagged as လျှပ်စစ်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ကွက်ငယ်ကျေးရွာအုပ်စု ကွက်ငယ်ရွာတွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကျပ်သိန်း ၆၀၀ ကျော် အကုန်အကျခံ၍ တပ်ဆင်ထားသော်လည်း လျှပ်စစ်ဓာတ်အား မရရှိသေးသဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေက ဒေသခံဦးရေ ၃၀၀ကျော် ဖယောင်းတိုင်များ ထွန်းညှိပြီး မီးလင်းရေး ဆုတောင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဆုတောင်းပွဲတွင် ပါဝင်ခဲ့သူများထံမှ စုံစမ်းသိရှိရသည်။
စစ်ကိုင်းတိုင်း ကနီမြို့နယ် အတွင်းရှိ တွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တည်ထား ကိုးကွယ်ထားသည့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် အခိုးခံခဲ့ရကြောင်း တွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေမှူး ဦးဝင်းက ပြောသည်။
ရခိုင်ပြည်နယ် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ တစ်ခုဖြစ်သည့် မြောက်ဦးမြို့ရှိ ဘုရားများ အနီးတွင် ဆူညံစွာ ကခုန်သရုပ်ပျက်မှုများကို တားမြစ်ကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ (မြောက်ဦး)မှ ဒုဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောဆိုသည်။