News

03-Jun-2017
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ ထမံသီကျေးရွာအကြား ဆက်သွယ်သွားလာရန်အတွက် ဖောက်လုပ်ထားသည့် တစ်ခုတည်းသော ကားလမ်းပေါ်တွင် ရှိသည့် တံတား ၃ စင်း ရေထဲမျောပါပြီး လမ်းများ ပျက်စီးခဲ့သဖြင့် ကားများ ဆိုင်ကယ်များ သွားလာမှု ရပ်ဆိုင်းသွားခဲ့ကြောင်း လေရှီးမြို့ မကူရီနာဂယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကြောင်ထောင်းက ပြောသည်။
03-Jun-2017
ပင်လယ်ရေလှိုင်း ရိုက်ခတ်မှုကြောင့် ပြိုကျသွားသည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ ပင်လယ်ရေတားတမံကို ဆည်မြောင်းဦးစီးဌာနက တစ်လအတွင်း ပြန်လည်တည်ဆောက်ပေးရမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
02-Jun-2017
ကျောင်းဖွင့်ရာသီဖြစ်၍ ကျောင်းမုန့်ဈေးတန်းများတွင် တရားမဝင် ထုတ်လုပ်ရောင်းချနေသည့် ဓာတုဆိုးဆေးပါ စားသုံးရန် မသင့်သည့်မုန့်များ ရောင်းချခြင်း မပြုစေရန်အတွက် ထိရောက်စွာ စစ်ဆေးပေးရန် တောင်းဆိုထားကြောင်း တောင်တွင်းကြီးမြို့ မုန့်တိုက်ပွဲအမည်ဖြင့် လှုပ်ရှားသူများထံမှ သိရသည်။
02-Jun-2017
မွန်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်မှု လိုလားပါက ကျောက်မီးသွေး အသုံးပြုမှုကို လက်ခံရမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
02-Jun-2017
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့သို့ ရောက်ရှိလာသော တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဆိုင်းဘုတ်ကိုင်ကာ ကြိုဆိုခဲ့မှုကြောင့် အမှုဖွင့်ခံရသူနှစ်ဦး၏ အမှုကို ဇွန်လ ဒုတိယပတ်အတွင်း တရားရုံးတင်မည် ဖြစ်ကြောင်း ဟုမ္မလင်း မြို့မရဲစခန်းမှူး ဒုရဲမှူးကြည်စိုးက ပြောကြားသည်။
02-Jun-2017
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း၏ ငွေကြေးအရှုပ်တော်ပုံတွင် တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည်ဟု ဆိုသော ပဲ့ထောင်စက်လှေ နှစ်စင်းကို ဌာနသို့ ပြန်ပေထားကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က ပြောကြားသည်။
02-Jun-2017
ခရီးသွားအများအပြား လာရောက် လည်ပတ်လေ့ရှိနေသည့် ကမ္ဘာကျော်ဂုတ် ထိပ်တံတားအနီးတွင် အရှည်ပေ ၂၀ဝ၀ ကျော်ရှိ ကြိုးဆိုင်းတံတား အသစ်တစ်စင်းကို တည်ဆောက်မည်ဖြစ်ကြောင်း Oriental Highway ကုမ္ပဏီလီမိတက်ထံမှ သိရသည်။
02-Jun-2017
ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အသီးသီးတွင် ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ထားသော ငွေကြေးနှင့် စက်ပစ္စည်းများနှင့် ပတ်သက်၍ စာရင်းရှင်းလင်းမှု၊ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှုနှင့် ရှေ့ လုပ်ငန်းစဉ်များကို တိုင်းလွှတ်တော် ကော်မတီက ကွင်းဆင်း စစ်ဆေးမည်
01-Jun-2017
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်၌ တံတားအစင်းရေ ၄၉၁ စင်းကို တည်ဆောက်နိုင်ခဲ့ကြောင်း မေလ ၃၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရ၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် ရှင်းလင်းပွဲအတွင်းမှ သိရသည်။
31-May-2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်ရှိ ကုန်ပစ္စည်း သိုလှောင်ရုံ လုပ်ငန်းရှင်များထံသို့ အခွန်ငွေ ၁၀ သိန်း ပေးဆောင်ရန် KIO အမှတ် ၉ တပ်ရင်း ကွတ်ခိုင် အုပ်ချုပ်ရေးရုံးက အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
31-May-2017
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မေလ ၃၀ ရက်က တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး နုတ်ထွက်ပေးရေးအတွက် အင်းသူကြီးများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
31-May-2017
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ ထန်းပင်များသည် လွန်ခဲ့သည့် ၇ နှစ်ခန့်က ကောက်ယူထားသည့် စာရင်းများအရ ယခုအခါ အပင်အရေအတွက် လျော့နည်းလာကြောင်း မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ ကလျာလူက ပြောကြားသည်။
31-May-2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် အပါအဝင် အခြားမြို့နယ်များ၌ လက်ရှိ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၈၅ ကျောင်း အဆင့်တိုးမြှင့်ခွင့် ရရှိထားကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး (ပညာ) ဦးတင့်ဆွေက ပြောကြားသည်။
30-May-2017
တိုက်ကြီးမြို့ မင်္ဂလာရပ်ကွက် အရိုးတောင် ကျေးရွာအုပ်စုရှိ ဖူးကြီး ရေလှောင်ကန်တွင် လွန်ခဲ့သော ရက်ပိုင်းက လူသေဆုံးမှု ဖြစ်ပေါ်ခဲ့သောကြောင့် အများပြည်သူ လာရောက် လည်ပတ်ခွင့်ကို မေလ ၂၈ ရက်တွင် မြို့တော်စည်ပင်က ပိတ်သိမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
30-May-2017
ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သိန်းနီရေပူ အမြဲတမ်း စစ်ဆေးရေးစခန်း ပြန်ဖွင့်လှစ်ချိန်မှစ၍ မေလအထိ တရားမဝင် သစ်သယ်ဆောင်လာသည့် မော်တော်ယာဉ် ၅၁ စီးထံမှ သစ်တန် တစ်ရာကျော် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။