News

08-Jan-2019
မကွေးတိုင်း ချောက်မြို့တွင် ဇန်နဝါရီလ ၅ ရက်မှ ၆ ရက်နေ့အထိ လူ ၁၂ ဦး ခွေးရူး အကိုက်ခံရပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးပြတ်လပ်နေကြောင်း ယင်းဆေးရုံထံမှ သိရသည်။
08-Jan-2019
မြောက်ဦးမြို့နယ် တိမ်ညိုစခန်းမှူး ရဲအုပ် ကျော်ကျော်လှထံ AA က ကျည်တစ်တောင့်ဖြင့် သတိပေးစာတစ်စောင်ကို ဇန်နဝါရီ ၆ ရက် နေ့စွဲဖြင့် ပေးပို့လာကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ပြည်နယ်ရဲမှူးကြီး ကြည်လင်းထံမှ သိရသည်။
07-Jan-2019
ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာအုပ်စု သူဌေးကုန်းအရှေ့ပိုင်းရှိ အိမ်တစ်လုံးတွင် ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း ကျောက်တံခါးမြို့မ ရဲစခန်းထံမှ သိရသည်။
07-Jan-2019
ထိုင်း-မြန်မာ နယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့၊ အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ည ၈ နာရီခန့်က ခိုးဝင်တရုတ် နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
07-Jan-2019
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်- ရွှေလောင်း- ဝါးခယ်မ- ကျုံမငေးကားလမ်း ပေါ်ရှိ ဝါးခယ်မမြစ်ကိုဖြတ်၍ တည်ဆောက်ထားသည့် ဝါးခယ်မမြစ်ကူး ဘေလီသံမဏိ ကြိုးတံတား၌ မော်တော်ယာဉ်များနှင့် အများပြည်သူ ဖြတ်သန်းသွားလာခြင်းကို ဇန်နဝါရီလ ၈ နေ့မှ စတင်၍ ပိတ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
07-Jan-2019
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီး၌ မိမိတို့၏ နေအိမ်များရှေ့တွင် အိမ်ထောင်စုစာရင်းနှင့် မိသားစုဝင်ဓာတ်ပုံများ ကပ်ထားရမည့် အစီအစဉ်ကို ရခိုင် ပြည်နယ်ဝန်ချုပ်ဦးညီပုက လုပ်ဆောင်ရန် မသင့်ဟု တားမြစ်လိုက်ကြောင်း ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။
06-Jan-2019
ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးတွင် သတ်မှတ်ထားသည့် ကီလိုမီတာထက် ပိုမိုကျော်လွန်မောင်းနှင်သည့် ယာဉ်အစီးရေ ၁၆,၀၀၀ ကျော်ထံမှ ဒဏ်ကြေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်းရှစ်ထောင်ကျော် ကောက်ခံရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး နေပြည်တော်ထံမှ စုံစမ်း သိရှိရသည်။
06-Jan-2019
မင်းဘူး(စကု)မြို့နယ်၊ ပန်းတောင်းရွာအနီး ကျောက်မီးသွေးတွင်း လုပ်ကွက်အမှတ် (၃)၊ ကျင်းအမှတ် (၁) တွင် ဇန်နဝါရီလ ၅ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လုပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း မကွေးတိုင်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။
06-Jan-2019
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မိုင်ဒါအားကစားကွင်း၌ ဇန်နဝါရီလ ၄ ရက်ကျင်းပသည့် လွတ်လပ်ရေးနေ့ပွဲတော်အတွင်း နယ်လှည့်ခါးပိုက်နှိုက်လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူခရိုင် မှုခင်းအကူ ဒုစရိုက်နှိမ်နှင်းရေးတပ်ဖွဲ့မှ ရဲအုပ်တင်ဦးက ပြောကြားသည်။
06-Jan-2019
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်တွင် ဇန်နဝါရီ ၄ ရက်က မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု (၃၀) ထံမှ သိရသည်။
04-Jan-2019
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာမြို့ ငါးကြီးကွေ့ကျေးရွာနှင့် ကူးတို့ဆိပ်ကျေးရွာတို့ကြားတွင် စစ်တောင်း မြစ်ကူးတံတားသစ်တစ်စင်းကို လာမည့်ဘဏ္ဍာနှစ်အတွင်း စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်သည်။
04-Jan-2019
ဧရာဝတီတိုင်းအတွင်းမှ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူစာရင်းသည် ယခင်နှစ်ကထက် ဦးရေ ၄၈၀ ကျော်တိုးလာကြောင်း ယင်းတိုင်း အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။
04-Jan-2019
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း ပါဘက် (Pabuk) ရွေ့လျားရာလမ်းကြောင်းအရ တနင်္သာရီတိုင်းဒေသကြီးသည် မုန်တိုင်းအဖျားခတ်နိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
03-Jan-2019
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ခရိုင်အတွင်း မြန်မာ- တရုတ်နှစ်နိုင်ငံအကြား နယ်ခြားမှတ်တိုင်အနီး မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း တပ်မတော်ထံမှ သိရသည်။
03-Jan-2019
ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ကန်းညီနောင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာရှိ နယ်ခြားစောင့်တပ် (BGF) အမှတ် ၁၀၂၁ တွင် အရက်သောက်ထားသည့် တာဝန်ကျ BGF တပ်ဖွဲ့ဝင်တစ်ဦး၏ ပစ်ခတ်မှုကြောင့် လူလေးဦး သေဆုံးပြီး အရပ်သားတစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း သင်္ကန်းညီနောင်ရဲစခန်းထံမှ သိရသည်။