News

21-Apr-2018
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူရန်စီစဉ်မှုကို ချင်းတက္ကသိုလ်ကျောင်းသားများနှင့် ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ချင်းတက္ကသိုလ် ကျောင်းသားများနှင့် ချင်းအရပ်ဘက်လူမှု အဖွဲ့အစည်းများထံမှ သိရသည်။
20-Apr-2018
ရှမ်းပြည်နယ် ကလောမြို့နယ် တောင်ကြီး - မိတ္ထီလာလမ်းဘေး နမ့်ပန်တက်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလက စတင်၍ ရှမ်းရိုးမ အပန်းဖြေဆင်စခန်းဖွင့်လှစ်ခဲ့ရာ နေ့စဉ် ပြည်တွင်း၊ ပြည်ပခရီးသွား ၁၀၀ ခန့် လာရောက်ကြောင်း ယင်းစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
20-Apr-2018
မြစ်ကြီးနားမြို့နယ်၊ အလယ်မော်ဖောင်းကျေးရွာ၊ နယ်မြေ(၁)တွင် စိတ်မနှံ့သူတစ်ဦးက ဓားရှည်ဖြင့်ခုတ်ရာမှ ၄ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့၊ နယ်မြေရဲစခန်းမှ သိရသည်။
20-Apr-2018
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားမှူးရေးမှူးတစ်ဦးကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် ဧပြီလ ၁၉ ရက်နေ့က ရာထူးအဆင့် လျှော့ချကာ တိုင်းဒေသကြီး အစိုးရအဖွဲ့က အရေးယူလိုက်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးအဖွဲ့ရုံးမှ သိရသည်။
20-Apr-2018
ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ အတွင်းရှိ လူသွားလမ်းပလက်ဖောင်းပေါ်တွင် ကျူးကျော်တည်ခင်းရောင်းချနေသောဈေးသည်များကို စည်ပင်သာယာကော်မတီအဖွဲ့များနှင့် မြို့နယ်စည်ပင်သာယာအဖွဲ့တို့မှ ယနေ့ သွားရောက် အသိပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆွေ၏ပြောပြချက်အရသိရသည်။
20-Apr-2018
မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် ဧပြီလ ၁၉ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခိုက်ခဲ့ပြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ (၁၇ ) ရွာ မှ အိမ်ခြေ ၅၄ လုံး ပျက်စီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သိရှိရသည်။
20-Apr-2018
မ​ကွေးတိုင်း​ဒေသကြီး၊ ​တောင်​တွင်းကြီးမြို့နယ်တွင် ဧပြီ ၁၉ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် နေအိမ်ကိုးလုံးနှင့် ဘုန်တော်ကြီးကျောင်းတစ်ကျောင်းပျက်စီးကြောင်း အဆိုပါတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်က ပြောကြားသည်။
19-Apr-2018
ကျွန်းလှမြို့နယ်၊ ညောင်ကိုင်း ကျေးရွာအုပ်စုအတွင်း ဧပြီလ ၁၈ ရက်နေ့ ညက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၁ လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်သုံးလုံးမှာ ခေါင်မိုးလန်ပြိုကျခဲ့ကြောင်း ကျွန်းလှမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်လင်းက ပြောကြားသည်။
19-Apr-2018
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာတွင် ဧပြီလ ၁၇ရက် ညနေ ၄ နာရီက အိမ်တွင်အိပ်နေစဉ် ဖားပြုပ်ကိုက်ခံရသည်ဆိုသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
19-Apr-2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်၌ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က သစ်ပါးလွှာ စက်ရုံတစ်ခုရှေ့တွင် ရဲတပ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူငယ်နှစ်ဦးသေဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
19-Apr-2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ ဘုရားပွဲပိတ်ပွဲကို ဧပြီလ ၂၁ ရက်နေ့၌ တောင်ပေါ်စံကျောင်းတော်ရှိရာတွင် ကျင်းပမည်ဖြစ်ပြီး ဘုရားဖူးလမ်းကိုလည်း ပိတ်သွားမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
16-Apr-2018
ချင်းတွင်းသင်္ကြန်ကျင်းပရာ မုံရွာမြို့ ဇက်ဆိပ်အနီး ချင်းတွင်းမြစ်အတွင်း ရေနစ်သေဆုံးနေသည့် အသက် ၁၇ နှစ် အရွယ် အမျိုးသားအလောင်းကို သင်္ကြန်အတက်နေ့ မွန်းလွဲပိုင်းက ထပ်မံ တွေ့ရှိခဲ့ကြောင်း မုံရွာမြို့မရဲစခန်းထံမှ သိရသည်။
16-Apr-2018
မိတ္ထီလာခရိုင်အတွင်း သင်္ကြန်တွင်းကာလ အဆိပ်သောက်မှုနှစ်ခုဖြစ်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းများထံမှ စုံစမ်းသိရသည်။
15-Apr-2018
ဟင်္သာတမြို့၊ ကုန်းကြီးအုပ်စု၊ မြို့နယ်စိုက်ပျိုးရေးရုံးရှေ့ မိုင်တိုင်အမှတ် ၃/၂ နှင့် ၃/၃ အကြားတွင် ဧပြီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခွဲက ရေပက်ခံထွက်သည့်ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
15-Apr-2018
အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်သွားကြသူများအနက် ပထမဆုံးအနေဖြင့် အဲဖ်တာအာလွမ်ပါ မိသားစုဝင်ငါးဦးတို့သည် ဧပြီလ ၁၅ ရက်နေ့ နံနက်က မောင်တောမြို့နယ် တောင်ပြိုလက်ဝဲလက်ခံရေးစခန်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။