01-Mar-2018
ဟင်္သာတခရိုင်ရှိ ဧရာဝတီမြစ်ကြောင်းနှင့် ငဝန်မြစ်ကြောင်းများမှ စုပ်ယူထုတ်လုပ်သည့် သဲနှင့်ကျောက်များသည် ရန်ကုန်တိုင်းဒေသကြီး၌ ဝယ်လိုအားကျဆင်းနေကြောင်း ရန်ကုန်မြစ်သဲ၊ ကျောက်ကုန်သည် အများစုထံမှ စုံစမ်းသိရှိရသည်။
01-Mar-2018
ကုန်တင်ကားများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တန်ပိုသယ်ဆောင်ခွင့် ပိတ်ပင်လိုက်သည့်အတွက် ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအတွက် ကုန်တင်ယာဉ်တစ်စီးလျှင် ကျပ်ငါးသောင်းမှ တစ်သိန်းအထိ နစ်နာကြောင်း ၎င်းတို့ထံမှသိရသည်။
01-Mar-2018
မကွေးတိုင်း ချောက်မြို့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ချောက်-လမ်းရွာ) က ယခုဘဏ္ဍာနှစ်အတွက် လူထုအထောက်အကူပြုရေး လုပ်ငန်း (CSR) လုပ်ကိုင်နိုင်ရန်အတွက် ယင်းဒေသခံများထံသို့ ကျပ်သိန်း ၁၈၀၀ နီးပါးအထိ ပေးအပ်ကြောင်း ယင်းလုပ်ငန်းထံမှသိရသည်။
28-Feb-2018
ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခြောက်လတာ ဘတ်ဂျက် အသုံးစရိတ်အဖြစ် ကျပ်ဘီလီယံတစ်သောင်းကျော် (ကျပ်သန်းပေါင်း ၁၀,၆၇၇,၆၉၈ ဒသမ ၁၇၄ ) သုံးရန် တင်ပြမှုမှ ကျပ်သန်းပေါင်း ၁၀၀,၇၀၇ ဒသမ ၃၁၀ (၁၀၀ ဘီလီယံကျော်) ကို ဖြတ်တောက်၍ ယနေ့ ကျင်းပသော လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။
28-Feb-2018
ပဲခူးတိုင်း အုတ်တွင်းမြို့နယ်ရှိ အမှတ် ၂၀၄ တပ်ရင်းပိုင်ဆိုင်သည့် ပေါက်တောကြိုးဝိုင်း ဦးပိုင်မြေနေရာအတွင်း ကျူးကျော်ဝင်ရောက်ကာ ခြံစည်းရိုးခတ်ပြီး တပ်ပိုင်မြေ အမှတ်အသား ဆိုင်းဘုတ်ကို ဖျက်ဆီးသည်ဟုဆိုကာ ဒေသခံ အမျိုးသားနှစ်ဦးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အမှုဖွင့်လှစ်ခဲ့ကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။
28-Feb-2018
ချင်းပြည်နယ်အတွင်းရှိ ပလက်ဝ၊ မတူပီနှင့် တီးတိန်မြို့သုံးမြို့ကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပေးရန် စီစဉ်နေကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောကြားသည်။
28-Feb-2018
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ် မြို့နယ် ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်တိုင်အမှတ်(၆၉၇) အနီးတွင် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၂ နာရီခန့်က ခရီးသည်တင်ယာဉ်ကို သေနတ်ဖြင့်ပစ်သည့် ပြည်သူ့စစ်အဖွဲ့ဝင်ကို ဖမ်းမိကြောင်း မိုင်းဖြတ်မြို့မ ရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူးအောင်လင်းခိုင်က ပြောကြားသည်။
28-Feb-2018
ပြည်သူ့ဆန္ဒ မပါဝင်ဘဲ ရေးဆွဲထားသည်ဟုဆိုကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ပေါင်းတည်မြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြပွဲဦးဆောင်သူများထံမှ သိရသည်။
27-Feb-2018
ဦးဝီသူကို အရေးယူပေးရေး နှိုးဆော်သည့် သတင်းစာရှင်းလင်းပွဲပြုလုပ်သူ ဆရာတော် ဘဒ္ဒန္တ အရှင်ဣဿရိယ (မင်းသုည (ဗုဒ္ဓတက္ကသိုလ်))အား သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်မှတစ်ဆင့် အရေးယူရန် တိုင်ကြားမည်ဖြစ်ကြောင်း ကရင်အမျိုးသားရေး ရဟန်းတော်များအဖွဲ့ထံမှ သိရသည်။
27-Feb-2018
စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် မုံရွာမြို့ ချင်းတွင်းမြစ်ဘေးတွင် ဗဟိုမဏ္ဍပ်ထားရှိကာ ချင်းတွင်းသင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ် ပြီး အိန္ဒိယခရီးသွား ၁၀၀၀ ခန့် လာရောက်ရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်း လှိုင်က ပြောကြားသည်။
27-Feb-2018
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလေမြို့၌ ဝပ်ရှော့ခ်တွင်ပြုပြင်ရန် အပ်နှံထားသည့် တပ်မတော်ပိုင် မော်တော်ယာဉ်တစ်စီး ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းက မီးလောင်ခဲ့မှုကြောင့် ဝပ်ရှော့ခ်ပိုင်ရှင်ကို အမှုဖွင့်ထားကြောင်း တာလေနယ်မြေ ရဲစခန်းထံမှ သိရသည်။
27-Feb-2018
ပြည်ခရိုင်၊ ပေါက်ခေါင်းမြိုနယ်ရှိ မြို့နယ်ဆရာဝန်ကြီး မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဒေသခံများစုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့သည်။
27-Feb-2018
နှစ်သက်တမ်း ၅၀၀ ကျော်ရှိသော တောင်ငူခေတ် ကေတုမတီနန်းတော်ရာဟောင်း၏ အပြင်ဘက်ရှိ ကျုံးဟောင်း ၉ ခုကို ပဲခူးတိုင်းအစိုးရဘတ်ဂျက် ကျပ် ၅ ဘီလီယံအသုံးပြု၍ ပြန်လည်ပြုပြင် ထိန်းသိမ်းမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောကြားသည်။
27-Feb-2018
ထိုင်း - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအနေနှင့် နှစ်နိုင်ငံလုံးမှ သံဃာအပါး ၂၃၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်က ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ကြောင်း မြဝတီမြို့နယ် တောင်ကလေး ကျောင်းတိုက်ထံမှ သိရသည်။
26-Feb-2018
လစ်လပ်ဝန်ကြီး ၂ ဦးခန့်အပ်ရန် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့ တင်သွင်းထားသည့် အမည်စာရင်းကို လွှတ်တော်အမတ်များက ကန့်ကွက်၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အမည်စာရင်း ပြန်လည်ရုပ်သိမ်းလိုက်သည်။