News

06-Dec-2017
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် စက်ယန္တရားကြီးများဖြင့် တရားမဝင်ရွှေတူးဖော်ရေးလုပ်ကိုင်သူများကို မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်များပါဝင်သော ကော်မတီတစ်ခုက ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေဟုဆိုကာ ငွေကြေးကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
06-Dec-2017
တနင်္သာရီတိုင်းအတွင်း အခြေစိုက် ထုတ်ဝေလျက်ရှိသည့် တနင်္သာရီအပတ်စဉ်တွင် ဖော်ပြပါရှိသော “မဲဆွယ်အပြုံး”သရော်စာကိစ္စနှင့် ပတ်သက်၍ ယနေ့ (ဒီဇင်ဘာလ ၆ ရက်)က ထားဝယ်မြို့မ ရဲစခန်းက တာဝန်ခံအယ်ဒီတာဖြစ်သူကို စတင် စစ်ဆေးခဲ့သည်။
05-Dec-2017
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဟံသာဝတီလေဆိပ် စီမံကိန်းပြန်လည်စတင်ရန် ပြင်ဆင်နေပြီး စီမံကိန်းဧရိယာအတွင်း ကျူးကျော်နေထိုင်သူများအနက် အထောက်အထားခိုင်လုံသော နေအိမ်များကို မြေအစားထိုးပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
05-Dec-2017
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရော်ဘာစက်ရုံများ ပြောင်းရွှေ့ပေးရန် အဆိုနှင့်ပတ်သက်၍ လွန်ခဲ့သည့် သတ္တမအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးတွင် အတည်ပြုထားသော်လည်း လက်တွေ့တွင် ပြောင်းရွှေ့ရန် မဖြစ်နိုင်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
04-Dec-2017
တနင်္သာရီတိုင်းအတွင်း အခြေစိုက်ထုတ်ဝေလျက်ရှိသည့် တနင်္သာရီဂျာနယ်တွင် ဖော်ပြပါရှိသော မဲဆွယ်အပြုံးသရော်စာကိစ္စကို စစ်ဆေးရန် တာဝန်ခံအယ်ဒီတာကို ဆင့်ခေါ်လိုက်ပြီဖြစ်သည်။
04-Dec-2017
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တရားသူကြီး တစ်လခန့် ခွင့်မဲ့ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး ပြည်ခရိုင်မှ တရားသူကြီးကို ဒီဇင်ဘာလ ၂၀ ရက် နောက်ဆုံးထားကာ အပြီးသတ် စစ်ဆေးပေးရန် ညွှန်ကြားထားကြောင်း ပဲခူးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်ဆန်းက ပြောကြားသည်။
03-Dec-2017
မြန်မာနိုင်ငံတွင် အကြီးဆုံး ဖြစ်လာမည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို နေပြည်တော် သပြေကုန်း အဝိုင်းတွင် ထားရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုဖြစ်မြောက်ရေး ဦးစီးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
03-Dec-2017
မိတ္ထီလာခရိုင်အတွင်း၌ စက်တင်ဘာလကစ၍ ထန်းရာသီကုန်ဆုံးသွားပြီဖြစ်ရာ ဝယ်လိုအား ပြည့်မီအောင် မထုတ်နိုင်သောကြောင့် ကြံပွက်ရည်ဖြင့် ထုတ်လုပ်သော ကြံထန်းလျက် ဈေးကွက် အသာစီး ရလာကြောင်း မိတ္ထီလာ မြို့မဈေးကြီးအတွင်းရှိ ထန်းလျက်ပွဲရုံများ၊ လက်လီ၊ လက်ကား အရောင်းဆိုင်များနှင့် ထန်းလျက်ချက်သည့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
03-Dec-2017
ကရင်ပြည်နယ်ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အသစ်တစ်ဖန်ရွေးချယ်ရာတွင် မသမာမှုများအပေါ် တိုင်ကြားလာပါက စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
03-Dec-2017
သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ရေထွက်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးကို လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ယင်းမြို့နယ်ရဲစခန်း မှ ရဲအုပ်မြင့်သိန်းက ပြောကြားသည်။
02-Dec-2017
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းရှင်များ အနေနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် နည်းဥပဒေ (၈)ကို လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက စိစစ်ကာ အရေးယူသွား မည်ဖြစ်ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦး H လအောင်က ပြောကြားသည်။
01-Dec-2017
မန္တ​လေးတိုင်းဒေသကြီး သပိတ်​ကျင်းမြို့၏ အ​နောက်​ဘက်​ ၄ မိုင်​ခန့်​အကွာတွင် ယနေ့ (ဒီဇင်​ဘာလ ၁ ရက်​​) ည ၆ နာရီ ၂၈ မိနစ် အချိန်​နှင့်​ ၃၀ မိနစ်အချိန်​များတွင်​ ၂.၄ ရစ်(ခ်)တာစကေးရှိ ငလျင်​ လှုပ်​ခတ်ခဲ့ပြီး ည ၇နာရီ ၁၅ မိနစ်၊ ၇ နာရီ ၃၂ မိနစ်​ နှင့် ၈နာရီ ၁၅ မိနစိအချိန်​များတွင်​ မြို့၏ အ​ရှေ့​တောင်​ဘက်​ ၁၅ မိုင်​ခန့်​အကွာ ဗဟိုပြု၍ ၃.၇ အဆင့်​ရှိ ငလျင်​များ လှုပ်​ခတ်ခဲ့​ကြောင်း ယင်းမြို့နယ်​ မိုး​လေဝသနှင့်​ ဇလ​ဗေဒညွန်ကြားမှုဦးစီးဌာန တာဝန်​ခံ ဦးတင်​​မောင်​မြင့် ပြောသည်​။
01-Dec-2017
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ဧက ၄ သောင်းကျော် ချေးငွေ ချေးယူရန် စာရင်းတင်ပြထားသည်ဟု မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနထံမှ သိရသည်။
01-Dec-2017
မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထုအတွက် စည်ပင်သာယာရေး ကော်မတီနှင့်ပတ်သက်ပြီး တိုင်စာ၊ အကြံပြုစာများ ထည့်ရန် ပြုလုပ်ပေးထားသော စာပုံးတစ်ခုနှင့် ရပ်ကွက်အတွင်း ညအိပ် ရပ်နားထားသော ကားတစ်ချို့၏မှန်များ နိုဝင်ဘာ ၂၉ ရက်ညက ဖျက်ဆီးခံရသည်။
01-Dec-2017
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့ နယ် ဥကံ္ကမြို့ အရှေဘက် ဥက္ကံသကြားစက်ရုံတွင် Goldeen Myan-Tai Co Ltd မှ တရားဝင် အလုပ်ထုတ်စာမကျဘဲ စက်ရုံပိတ်လိုက်သည့်အတွက် အလုပ်သမား ၂၅၂ ဦး အခက်ကြုံနေရကြောင်း ဥက္ကံသကြားစက်ရုံ အလုပ်သမားများထံမှ သိရသည်။