News

21-Oct-2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် တရားမဝင်ဖွင့်လှစ်ထားသည့် တရုတ် - မြန်မာချစ်ကြည်ရေးဆေးရုံမှ တရုတ်နိုင်ငံသားဆရာဝန်အပါအဝင် ငါးဦးကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Oct-2018
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တောင်တန်းဒေသကျောင်းသား၊ ကျောင်းသူများစောင့်ရှောက်ရေးဂေဟာကို အောက်တိုဘာ ၁၉ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း ယင်းစခန်း တာဝန်ရှိသူများထံမှ သိရသည်။
21-Oct-2018
ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အဆိုပါ KNPP အဖွဲ့ လွိုင်ကော်ဆက်ဆံရေးရုံးက အတည်ပြုပြောကြားသည်။
20-Oct-2018
ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်ကြီးမှ ဈေးဆိုင်ခန်းများ၊ အိမ်သာများ၊ ရေချိုးခန်းများ၊ ထမင်းဆိုင်များနှင့် အခြားလုပ်ငန်းများအတွက် လေလံတင်ရောင်းချမှုကို မွန်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကာ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည်။
20-Oct-2018
စစ်ကိုင်းတိုင်း မော်လိုက်မြို့တွင် အောက်တိုဘာလ ၁၈ ရက် ည ၈ နာရီခန့်က တပ်ဦးဘုန်းကြီးကျောင်း၌ သီတင်းသုံးနေသည့် ရဟန်းတစ်ပါးက သာသနာရေး ဒုဦးစီးမှူးတစ်ဦးကို ဓားဖြင့်ခုတ်ခဲ့ကြောင်း မော်လိုက်မြို့မ ရဲစခန်းထံမှ သိရသည်။
20-Oct-2018
မြစ်ကြီးနားမြို့ရှိ တောင်တန်းဒေသကျောင်းသား၊ ကျောင်းသူများစောင့်ရှောက်ရေးဂေဟာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၉ ရက်တွင် ထောက်ပံ့ပေးခဲ့ကြောင်း ယင်းဂေဟာ တာဝန်ရှိသူများထံမှ သိရသည်။
19-Oct-2018
ကရင်ပြည်နယ်အစိုးရ နည်းပညာအထက်တန်းကျောင်းမှ ဖွင့်လှစ်သည့် သက်မွေးပညာကာလတိုသင်တန်းသို့ တက်ရောက်သူများမှ ၆၀ ရာခိုင်နှုန်းခန့်သည် လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ကြောင်း ယင်းပြည်နယ်အစိုးရ နည်းပညာအထက်တန်းကျောင်းစစ်တမ်းတွင် ဖော်ပြထားသည်။
19-Oct-2018
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ခံဘူးရွာအရှေ့ဘက်ရှိ ရွာစိုးဘုရား၏ ဌာပနာတိုက်ရှိမည်ဟုယူဆရသော နေရာကို အောက်တိုဘာလ ၁၅ ရက် နေ့ညက ဒုတိယအကြိမ်ဖောက်ထွင်းခံရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
19-Oct-2018
အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်အဖွဲ့ တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။
18-Oct-2018
မုံရွာမြို့မှ အထက်ပိုင်းမြို့များသို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ပြေးဆွဲလျက်ရှိနေသည့် ခရီးသည်တင်ရေယာဉ်များကို လာမည့်သီတင်းကျွတ်ကာလအတွင်း တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဝင်လည်းဖြစ် ကနီမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
18-Oct-2018
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်အစိုးရအဖွဲ့က စိုက်ထူရန် ပြင်ဆင်ခဲ့သည့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြသူ ကရင်နီလူငယ် ၂၃ ဦး တရားစွဲဆိုခံထားရသည့်အနက် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရင်ဆိုင်နေကြရသူ လူငယ် ၉ ဦးက စုပေါင်းရုံးဖြင့် တရားရင်ဆိုင်ခွင့်ပြုရန် တင်ပြလျှောက်ထားခဲ့ကြောင်း တရားစွဲခံထားရသူ မျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်က ပြောကြားသည်။
18-Oct-2018
မလှိုင်မြို့နယ် မန်ကျည်းပင်ပုရွာ ဆွမ်းလောင်းပွဲနှင့် ဗုဒ္ဓပူဇနိယပူဇော်ပွဲတွင် ရဟန်းသံဃာများနှင့် ဒေသခံများကို ကြမ်းတမ်းစွာပြောဆိုကာ တုတ်၊ ဓားလက်နက်များဆွဲကိုင်ကာ ရန်ပြုခဲ့သည်ဆိုသော အမျိုးသမီးရာအိမ်မှူးအပါအဝင် လူ ၄၂ ဦးကို သာသနာညှိုးနွမ်းမှုဖြင့် အမှုဖွင့်ထားကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။
18-Oct-2018
မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်၌ အောက်တိုဘာလ ၁၄ ရက်နေ့က ယာဉ်ထိန်းရဲကို ကားနှင့်တိုက်ကာ သေနတ်နှင့်ပစ်ခတ် ထွက်ပြေးနေသူကို သုံးရက်အကြာတွင်ဖမ်းမိပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။
18-Oct-2018
ထားဝယ်ပညာရေးကောလိပ်ရှိ ကျောင်းသူ၊ ကျောင်းသားလေးဆယ်ကျော် အစာအဆိပ်သင့်သည့် လက္ခဏာများဖြစ်ပွားခဲ့ကြောင်း ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် ပညာရေးကောလိပ် ကျောင်းအုပ်ကြီးထံမှ သိရသည်။
18-Oct-2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဆင်ဖြူဈေးကော်မတီရုံး ဆောက်လုပ်နေမှုကို တရုတ်နိုင်ငံ ရွှေလီရဲတပ်ဖွဲ့က ၎င်းတို့၏ နယ်နိမိတ်ကို ကျူးကျော်သည်ဟုဆိုကာ မြန်မာဘက်အခြမ်းသို့ လက်နက်များကိုင်ဆောင်ဝင်ရောက်ပြီး အဆောက်အအုံဆောက်လုပ်နေမှုကို တားမြစ်ခဲ့သည့်အပေါ် မြန်မာအစိုးရက ကန့်ကွက်စာပေးပို့ခဲ့သည်။