News

21-Oct-2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လွယ်ခေါကျေးရွာတွင် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သူအား ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
20-Oct-2020
ပုပ္ပားတောင်ကလပ်မှမျောက်များ မိုင် ၃၀ ခန့်အကွာအထိ အစာရှာထွက်နေရသည်ဆိုသောသတင်းမှာ သတင်းမှားသာဖြစ်ပြီး တောင်ပတ်ဝန်းကျင်မှ သုံးမိုင်အတွင်းပင်သွားလာမှုမရှိဟု တောင်ကလပ်ကျေးရွာ ရွာခွဲတာဝန်ခံအုပ်ချုပ်ရေးမှူး ဦးတင်လှက ပြောဆိုသည်။
15-Oct-2020
ချောက်မြို့ အမှတ် ၂ ရေနံချက်စက်ရုံ၏ ကမ်းလင့်လက်များပရဟိတအဖွဲ့ကဦးဆောင်ကာ နိုင်ငံဝန်ထမ်းများထံမှ ကောက်ယူရရှိထားသည့် ငွေကျပ် ၂၂ သိန်းကို အမျိုးသားအဆင့် ကိုဗစ်-၁၉ကာကွယ်တိုက်ဖျက်ရေးကော်မတီသို့ လှူဒါန်းမည်ဖြစ်သည်။
14-Oct-2020
ယင်းမာပင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာရဲတပ်သားနှစ်ဦး ယမန်နေ့ညက ဆေးရုံပြင်ပသို့ခိုးထွက်ကာ ဈေးဝယ်ခဲ့မှုကို အရေးယူနိုင်ရန် စစ်ဆေးနေကြောင်း ယင်းမာပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနထံမှသိရသည်။
07-Oct-2020
ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာမည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ကိုဗစ်ရောဂါပိုး ရှိမရှိကို စစ်ဆေးခအနေဖြင့် ကျပ်နှစ်သောင်း ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက စက်တင်ဘာလ ၇ ရက်(ယနေ့)က သတင်းထုတ်ပြန်သည်။
07-Oct-2020
အိမ်တွင် Stay at Home နေထိုင်ရန် ကန့်သတ်ထားသည့် ရေလုပ်သားခြောက်ဦးနှင့် ၎င်းတို့ကို သယ်ဆောင်လာသူယာဥ်မောင်း တစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အောက်တိုဘာ ၆ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း ဖျာပုံမြို့မရဲစခန်းထံမှသိရသည်။
07-Oct-2020
ချောက်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ သုံးဦး ယနေ့မွန်းလွဲ ၂ နာရီခန့်က ဆေးရုံဆင်းခွင့်ရခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောကြားသည်။
07-Oct-2020
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ရှိ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတာ ပြုပြင်ရေးလုပ်ငန်း တွင် အသုံးပြုခဲ့ရသည့် မြေယာများအတွက် နစ်နာကြေးများကို နစ်နာသူတောင်သူ ၃၆ ဦးထံ အောက်တိုဘာ ၆ ရက်နေ့က ပေးအပ်ခဲ့ကြောင်းညောင်တုန်းမြို့နယ် မြေစစ်အဖွဲ့ထံမှသိရသည်။
07-Oct-2020
မိတ္တီလာမြို့နယ်အတွင်း ကိုဗစ်ကာလ ညမထွက်ရအမိန့်ချိုးဖောက်ခဲ့သည့် အမျိုးသားသုံးဦးကို အောက်တိုဘာလ ၆ ရက်နေ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းမင်းမြတ်က ပြောကြားသည်။
05-Oct-2020
တစ်ကျော့ပြန်ဖြစ်ပွားလာသော ကိုဗစ်-၁၉ ရောဂါကြောင့် ချောက်မြို့နယ်အတွင်း ပိုးတွေ့လူနာငါးဦးရှိလာခဲ့ပြီးနောက်ပိုင်း မြို့နယ်စည်ပင်ဦးဆောင်သော ဌာနပေါင်းစုံအဖွဲ့သည် မြို့မဈေးကြီးနှင့်ပျံကျဈေးတန်းများ၊ လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင်ဆိုင်ထိုင်ရောင်းချခြင်း ရှိ၊ မရှိကို ယခင်ထက် ရှောင်တခင်စစ်ဆေးမှုများတိုးမြင့်ဆောင်ရွက်လျက်ရှိသည်။
04-Oct-2020
ဧရာ၀တီတိုင်းအတွင်းရှိ မြို့ ၁၅ မြို့သို့စက်တင်ဘာ ၂၄ ရက်နေ့က လှည့်လည်ခဲ့သည့် NLD ပါတီ မဲဆွယ်ယာဉ်တန်းနှင့်လိုက်ပါခဲ့သူ အမျိုးသား တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ပုသိမ်ပြည်သူ့အုပ်ကြီးရုံးထံမှ သိရသည်။
04-Oct-2020
ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက်ရှိ ကိုးသိန်း မူလတန်းကျောင်းကို ကိုဗစ်- ၁၉ ပိုးတွေ့လူနာ သီးသန့်ကုသရေးဆေးရုံအဖြစ် အောက်တိုဘာ ၄ ရက်နေ့ကစတင်ကာ ထပ်မံတိုးချဲ့ဆောင်ရွက်နေပြီဖြစ်ကြောင်း တိုင်း​အစိုးရအဖွဲ့ရုံးထံမှ သိရသည်။
03-Oct-2020
မြောင်းမြမြို့ အမှတ် ၁၀ ရပ်ကွက်ရှိ ရဲတပ်ဖွဲ့ပိုင်မြေတွင် တည်ခင်းရောင်းချနေသောအခွန်လွတ်စျေးမှ စျေးသည်များကို ​စည်ပင်သာယာအဖွဲ့ပိုင် အမျိုးသားစျေးရှိ ဆိုင်ခန်းသစ်များတွင် နေရာချထားပေးမည်ဖြစ်ကြောင်း မြောင်းမြမြို့ နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
02-Oct-2020
ဧရာ၀တီတိုင်း ပုသိမ်မြို့အခြေစိုက် သတင်းသမားများ Stay at Home ကာလအတွင်း သတင်းရယူနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြင်ပထွက်ခွာသွားလာခွင့်ကတ်များကို အောက်တိုဘာ ၁ရက်နေ့တွင် ထုတ်ပေးခဲ့သည်။
30-Sep-2020
မကွေးတိုင်း၊ ချောက်မြို့နယ် ဆားလယ်ကျေးရွာအုပ်စုမှ ပိုးတွေ့လူနာနှစ်ဦးနေထိုင်သော ဆားလယ်ကျွန်းကျေးရွာကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက စက်တင်ဘာ ၂၉ ရက်ညကစ၍ အသွားအလာကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည်ဟု ချောက်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောဆိုသည်။