POST TYPE

REGIONAL

လေရှီး-ဆွမ္မရာကားလမ်းပျက်စီး
14-Jun-2017 tagged as နာဂ

(ပုံစာ - လေရှီး-ထမံသီကြား ကားလမ်းပျက်စီးသဖြင့် ခက်ခဲစွာသွားလာနေရသည်ကို မြင်တွေ့ရစဉ်)
ကလေး၊ ဇွန် ၁၄

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နှင့် ဆွမ္မရာမြို့များသို့ ဆက်သွယ်သွားလာသည့် တစ်ခုတည်းသောလမ်းဖြစ်သည့် ထမံသီ-လေရှီး-ဆွမ္မရာကားလမ်း ပျက်စီးသည့်အတွက် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားကြောင်း ဆွမ္မရာမြို့နေ ဦးမြင့်နိုင်က ပြောကြားသည်။

လေရှီးမြို့နယ်နှင့် ဆွမ္မရာမြို့နယ်တို့တွင် ဇွန်လ ၁၂ ရက်နေ့မှ စတင် ရွာသွန်းနေသည့်မိုးကြောင့် ထမံသီ-လေရှီး ၄၁ မိုင်လမ်းနှင့် လေရှီး-ဆွမ္မရာ ၄၃ မိုင်ရှည်သော ကားလမ်းပေါ်ရှိ တံတားများ ပျက်စီးခြင်း၊ တောင်များပြိုကျခြင်း၊ လမ်းသားများ ပဲ့ကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ လမ်းများ ပျက်စီးသည့်အတွက် လေရှီး၊ ဆွမ္မရာစသည့်မြို့များတွင် ဆန်ပြတ်မည်ကို စိုးရမ်နေကြောင်း ၎င်းကပြောဆိုသည်။

“အခုအချိန်မှာ စောစောစီးစီး တံတားတွေ၊ လမ်းတွေ ပျက်တော့ ဘယ်သူမှလည်း ဆန်တို့၊ ဓာတ်ဆီတို့ လှောင်ထားတာ မရှိတဲ့အခါကျတော့ လေရှီးမြို့မှာ နေထိုင်ကြတဲ့ ကျေးရွာတွေ၊ ဆွမ္မရာမြို့နေ ပြည်သူတွေ ဒုက္ခ တော်တော်ခံကြရတယ်”ဟု လေရှီးမြို့နေ ဦးကြောင်ထောင်းက ဆိုသည်။

R-20