News

POST TYPE

REGIONAL

အမျိုးသမီးအိမ်တွင်းမှုကျောင်း လူနေဆောင်ပေါ် သစ်ကိုင်းကျိုးကျ
07-Jun-2017

ဗန်းမော်၊ ဇွန် ၇

ဗန်းမော်မြို့ အရှေ့သာစည်ရပ်ကွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း လူနေဆောင်အပေါ်သို့ ယနေ့ (ဇွန်လ ၇ ရက်) နံနက် ၅ နာရီခန့်က လုံးပတ် ၇ ပေ၊ အလျားပေ ၁၀၀ ခန့်ရှိ ညောင်ကိုင်းကြိုးကျ၍ အဆောင်နေ ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း အဆိုပါကျောင်းထံမှ သိရသည်။

အဆိုပါညောင်ပင်ကြီးသည် သက်တမ်း နှစ် ၁၂၀ နီးပါးရှိပြီး အောက်ခြေခြစားထားသည့်အတွက် ပဲ့ကျခဲ့ခြင်းဖြစ်သည်။

ယင်းအဆောင်တွင် အဆောင်နေကျောင်းသူ ၆၀ ဦးပြီး ၎င်းတို့အထဲမှ အသက် ၁၉ နှစ်အရွယ် အခြေခံစက်ချုပ်သင်တန်းသူတစ်ဦး လက်ဝဲဘက်ပေါင်တွင် သစ်ကိုင်းစထိမှန်ခဲ့ခြင်းဖြစ်ကာ အသက်အန္တရာယ်မရှိကြောင်း ဗန်းမော်ခရိုင် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။

R-14


  • VIA