News

POST TYPE

REGIONAL

စင်ကာပူတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့သူ အမျိုးသမီးရုပ်အလောင်း ရောက်ရှိ
14-Aug-2016
စင်္ကာပူနိုင်ငံ၌ အိမ်ရှင်သားအမိ ညှဉ်းပန်းနှိပ်စက်သဖြင့် သေဆုံးသွားသော ချင်းအမျိုးသမီးလေး Nu Piang Ngaih Don (ပြောင်ငိုင်ဒွန်း) ၏ ရုပ်အလောင်း ယနေ့ (သြဂုတ် ၁၄ ရက်) ည ၆ နာရီက ကလေးမြို့သို့ ရောက်ရှိလာခဲ့သည်။

သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို သြဂုတ် ၁၃ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ရန်ကုန်နှင့် မန္တလေးတို့မှ နာရေးကူညီမှုအသင်း ယာဉ်များဖြင့် ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သေဆုံးသူ အမျိုးသမီးငယ်သည် ချင်းပြည်နယ် တီးတိန်မြို့ ဒိမ်ပီးရွာဇာတိ ဖြစ်သည်။