POST TYPE

REGIONAL

ကျိုင်းတုံစက်ဘီးစီးအဖွဲ့ ဝိတိုရီယတောင်အထိ ခရီးနှင်မည်
08-Jan-2017 tagged as ကျိုင်းတုံ

ကျိုင်းတုံ၊ ဇန်နဝါရီ ၈

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လေထုညစ်ညမ်းမှု လျှော့ချရေး အသိပညာပေးအဖြစ် ကျိုင်းတုံမြို့မှ မိုင် ၅၁၀ ကျော် ဝေးသော ချင်းပြည်နယ် နတ်မတောင် (ခ) ဝိတိုရီယတောင်အထိ စက်ဘီးစီး ခရီးနှင်မည် ဖြစ်ကြောင်း ကျိုင်းတုံစက်ဘီးစီးအဖွဲ့ အဖွဲ့ခေါင်းဆောင် ကိုတူးတူးက ပြောကြားသည်။

ထိုခရီးစဉ်တွင် ပါဝင်သည့် စက်ဘီးစီးအဖွဲ့ဝင် သုံးဦးသည် ယနေ့ (ဇန်နဝါရီလ ၈ရက်) နံနက် ၆ နာရီက ကျိုင်းတုံမြို့မှ စတင်ထွက်ခွာသွားသည်။

ကျိုင်းတုံစက်ဘီးစီးအဖွဲ့သည် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း စတင်ထွက်ခွာ၍ မိုင်းပျဉ်းမြို့၊ ကွန်ဟိန်း၊ လွိုင်လင်၊ တောင်ကြီး၊ နမ့်ပန်တက်၊ မိတ္ထီလာ၊ ဆိပ်ဖြူနှင့် ကန်ပက်လက်မြို့များတွင် ညအိပ်ရပ်နားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။

ဓာတ်ပုံ - ကိုတူးတူး

R-16