News

POST TYPE

REGIONAL

လွိုင်ကော်တွင် နေအိမ် တစ်လုံး မီးလောင်
08-Jan-2017 tagged as မီးလောင်မှု

ကျိုင်းတုံ၊ ဇန်နဝါရီ ၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် နွားလပို့ကျေးရွာအုပ်စု ပြားကနဲကျေးရွာရှိ ဦးစောဖဲထီး နေအိမ်၌ ယနေ့ (ဇန်နဝါရီလ ၈ ရက်) မွန်းလွဲ ၁ နာရီ ၅မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း လွိုင်ကော် မြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါ မီးလောင်းမှုကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ စုပေါင်း ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ၄ ပေ x ၃ ပေ နှစ်ခန်းတွဲ နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

မီးလောင်မှု အကြောင်းရင်းကိုမူ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း လွိုင်ကော် မြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ - TH