News

POST TYPE

REGIONAL

ဘားအံမြို့နယ်၌ မူးယစ်ဆေးဝါး ရှာဖွေစဉ် လက်နက်ခဲယမ်းများ ဖမ်းမိ
01-Aug-2016

ဘားအံ၊ သြဂုတ် ၁

ကရင်ပြည်နယ် ဘားအံမြို့နယ် ဖအွံကျေးရွာအုပ်စု တောကြီးကျေးရွာရှိ နေအိမ် တစ်အိမ်သို့ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက် ရှာဖွေစဉ် လက်နက်ခဲယမ်းများကိုပါ ဖမ်းဆီး ရမိခဲ့ကြောင်း မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဘားအံမြို့နယ် ဖအွံကျေးရွာအုပ်စု တောကြီးကျေးရွာနေ ဝင်းထွန်းအောင် (၁၈) နှစ် (ဘ) ဦးဒေ့ဒေ့နေအိမ်သို့ မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေစဉ် နေအိမ်မှ ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးပြီး စစ်ဆေးရာ ၎င်း၏ လွယ်အိတ်အတွင်းမှ ငွေစက္ကူရောရာ စုစုပေါင်း ၂၈၄၀၀၀ ကျပ်နှင့်အတူ USA တံဆိပ်ပါ ပွိုင့် ၂၂ ပစ္စတို တစ်လက်၊ ကျည် ငါးတောင့်၊ ကျည်ကပ် တစ်ခုနှင့် အပြာရောင်အိတ်အတွင်း WY စိတ်ကြွဆေးပြား ၄၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း ဘားအံ့မြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်တွင် ဖော်ပြထားသည်။

နေအိမ်ကို ဆက်လက်ရှာဖွေရာ သံပုံးအတွင်းမှ ၅ဒသမ၅၆ ကျည် ၃၃တောင့်၊ ပွိုင့် ၂၂ ကျည် ၆၅ တောင့်၊ ၉၁ လက်ပစ်ဗုံးတစ်လုံး၊ WY စိတ်ကြွဆေးပြား စုစုပေါင်း  ၅၈၅ ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဇာသပြင်ရဲစခန်းထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဝင်းထွန်းအောင်ကို ဇာသပြင်နယ် မြေရဲစခန်းက မယ(ပ)၈ / ၂၀၁၆ မူး / စိတ်ပုဒ်မ ၁၅ / ၁၉(က) /၂၀(က) / ၂၂(ခ) တို့ဖြင့် အမှုဖွင့်လှစ်ထားပြီး ကွင်းဆက်တရားခံများ ဆက်လက် ဖမ်ဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

  • VIA