News

POST TYPE

REGIONAL

ဖြူးချောင်းတမံ ရေပိုလွှဲရေကျော်
10-Aug-2019


ဓာတ်ပုံ-ဖြူးချောင်းတမံ

တောင်ငူ၊ သြဂုတ် ၁၀

ပဲခူးတိုင်း ဖြူးမြို့နယ် အနောက်ဖြူးချောင်းရေလှောင်တမံသည် ယနေ့ (သြဂုတ်လ ၁၀) နံနက် ၇ နာရီ ၄၀ မိနစ်ခန့်မှ စတင်ပြီး ရေပိုလွှဲမှ ရေကျော်နေပြီဖြစ်ကြောင်း ဖြူးချောင်းတမံက ထုတ်ပြန်သည်။

အဆိုပါဆည်ရေပိုလွဲမှ ရေကျော်ချိန်ကစတင်ပြီး ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဆည်တာဝန်ကျဝန်ထမ်းများ ကိုယ်တိုင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

“ဆည်အနေထား ကောင်းမွန်ပါတယ်။ ဒီနေ့ မနက်မှာ လှည့်လည်ကြည့်ရှူစစ်ဆေးခဲ့ပြီးပါပြီ”ဟု ဖြူးချောင်းတမံ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းတမံသည် ရေသိုလှောင်ပမာဏ ၆၃၂၅၃၃ ဧကပေရှိပြီး သြဂုတ် ၈ ရက်၊ နံနက် ၈ နာရီတိုင်းထွာချက်အရ ဆည်ရေပိုလွှဲ ရေကျော်အမြင့် ၀ ဒသမ ၀၅ ပေဖြစ်ကာ ယမန်နှစ် သြဂုတ် ၁၆ ရက်ကလည်း ရေပိုလွှဲမှ ရေကျော်ခဲ့ဖူးကြောင်း ဆည်တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လနောက်ဆုံးပတ်ခန့်က ရေတာရှည်မြို့နယ် ဆွာမြို့ အနောက် သိုင်းဝကျေးရွာအနီး ဆွာချောင်းတမံ ရေထိန်းတံခါး ကျိုးပေါက်ခဲ့ပြီး ဒေသတွင်းရေကြီးရေလျံမှုများကြောင့် အမျိုးသား အမျိုးသမီး ၈ ဦး ရေထဲမျှောပါသေဆုံးခဲ့သည်။

R-15