News

POST TYPE

REGIONAL

လာမည့်ဘတ်ဂျက်နှစ်တွင် အခွန်အကောက်ရငွေ ကျပ်ဘီလီယံ ခုနစ်ထောင်ကျော်ရရှိမည်ဟု ခန့်မှန်း
08-Aug-2019


နေပြည်တော်၊ ဩဂုတ် ၈

လာမည့်ဘတ်ဂျက်နှစ်တွင် နိုင်ငံအဝန်းမှ အခွန်အကောက်ရငွေ စုစုပေါင်း ဘီလီယံ ၇၀၀၀ ကျော် (ကျပ်သန်းပေါင်း ၇,၈၆၉,၃၉၇ ဒသမ ၈၈၄ ) ရရှိမည်ဟု မျှော်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လျာထားချက်တွင် တွေ့ရှိရသည်။

ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုတင်သွင်းထားသည့် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် အထက်ပါအတိုင်း ပါရှိနေခြင်းဖြစ်သည်။

လျာထားချက်တွင် ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ်သန်းပေါင်း ၂,၁၉၉,၄၆၇ ဒသမ ၄၉၅၊ အထူးကုန်စည်ခွန်မှ ၁,၃၃၀,၂၈၆ ဒသမ ၃၉၄ သန်း၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့် အခွန်အကောက်မှ ၂,၃၈၉,၆၄၅ ဒသမ ဝ၀၈ သန်း၊ ဝင်ငွေခွန်မှလည်း ၂,၃၈၉,၆၄၅ ဒသမ ဝ၀၈ သန်းဟု ပထမဦးစားပေး လျာထားသည်ကို တွေ့ရှိရသည်။

အခွန်ရရှိ ဒုတိယ ဦးစားပေး လျာထားချက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးမှ ကျပ်သန်းပေါင်း ၃၇၈,၅၉၅ ဒသမ ၂၀၀၊ ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ၄၅၇,၇၅၅ ဒသမ ၃၂၈ သန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး နိုင်ငံပိုင်သယံဇာတ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံမှုမှ ၈၈၈,၅၆၉ ဒသမ ၅၀၂ သန်း၊ ယင်းဌာန၏ အကောက် အခွန် (သီးခြားဖော်ပြချက်နှစ်ခုမှ ၁,၀၄၀,၀၀၀ သန်း၊ အောင်ဘာလေ သိန်းဆုမှ ၂၀၃,၅၆၃ ဒသမ ၁၉၂ သန်းနှင့် မော်တော်ယဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စဉ် အခွန်မှ ၁၅၂,၂၀၀ သန်း ကိုရရှိမည်ဟု လျာထားထားခြင်းဖြစ်သည်။

အခွန်ရရှိမှုတွင် ၂၀၁၈ ခုနှစ်တွင် ကျပ်သန်းပေါင်း ၇,၅၇၅,၉၃၄ ဒသမ ၂၁၄ သန်းလျာထားထားပြီး ယင်းနှစ်၏ ပထမ ၆ လတာအတွင်း အခွန်ရရှိမှုမှာ ကျပ်သန်းပေါင်း ၄,၀၄၂,၇၃၈ ဒသမ ၈၉၃ အခွန်ရရှိမှုမှာ လျာထားချက်ကို ကျော်လွန်နေသည်ကို တွေ့ရသည်။

၂၀၁၈ ခုနှစ်၏ အခွန်အကောက်ရရှိမှုကို ဩဂုတ်လ ၇ ရက်က တင်သွင်းထားသည့် အခွန်ရရှိမှုအစီရင်ခံစာအရ သိရပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးအတည်ပြုသွားမည်ဖြစ်သည်။

S-01