News

POST TYPE

REGIONAL

အမြန်လမ်းရဲတပ်ဖွဲ့အားနည်းချက်များကို အသိပေးတိုင်ကြားရန် ဖုန်းနံပတ်များ ထုတ်ပြန်
08-Aug-2019

တောင်ငူ၊ သြဂုတ် ၈

အမြန်လမ်းရဲတပ်ဖွဲ့၏အားနည်းချက်များကို အသိပေးတိုင်ကြားနိုင်မည့် တပ်ဖွဲ့စုမှူးနှစ်ခုနှင့် ဒုတပ်ဖွဲ့စုမှူးရုံးသုံးခု၏ ဖုန်းနံပတ်များကို အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက သြဂုတ် ၈ ရက်၊ မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။

တပ်ဖွဲ့စုမှူးရုံး(မန္တလေး) ၀၉-၂၅၀၆၈၆၁၀၀၊ တပ်ဖွဲ့စုမှူးရုံး(နေပြည်တော်) ၀၉-၇၇၃၅၄၉၁၈၈၊ ဒုတပ်ဖွဲ့စုမှူးရုံး(ရန်ကုန်) ၀၉-၄၀၁၈၈၈၈၀၇၊ ဒုတပ်ဖွဲ့စုမှူးရုံး(ဖြူး) ၀၉-၄၂၃၆၇၁၃၂၄နှင့် ဒုတပ်ဖွဲ့စုမှူးရုံး(သီးကုန်း) ၀၉-၄၂၈၄၈၀၇၆၆ တို့ကို ဆက်သွယ်အသိပေး တိုင်ကြားနိုင်မည်ဖြစ်သည်။

“အပြုသဘော အကြံပြုတာကိုလည်းလက်ခံသလို ချွတ်ယွင်းချက်ကလေးတွေကို အသိပေးတိုင်ကြားမှုကိုလည်း ကြိုဆိုပါတယ်။ အမြန်လမ်းမကြီးပေစ့်မက်ဆင်ဂျာကလည်း လက်ခံပေးနေသလို ဘိုက်ဘာတွေ၊ ဖုန်းတွေနဲ့လည်း အသိပေးနိုင်ပါတယ်”ဟု အမြန်လမ်း တပ်ဖွဲ့စုမှူးရုံး (မန္တ​လေး) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၂၄ နာရီ ဝန်ဆောင်မှုပေးနေသည့်အပြင် အမြန်လမ်းတစ်လျှောက် ထူးခြားဖြစ်စဉ်များနှင့် သတိပြုရမည့်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီသိရှိစေရန် ၂၀၁၈ ခုနှစ် သြဂုတ်လမှစပြီး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး Page မှတစ်ဆင့် ဖော်ပြပေးနေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

R-15