News

POST TYPE

REGIONAL

အေအေ လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခဲ့သည့် ပလက်ဝဒေသခံ ၃၉ ဦး ပြန်လွတ်
03-Aug-2019
ကလေး၊ သြဂုတ် ၃

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာသား (၃၉) ဦးကို အေအေ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၅ လ အကြာ ပြန်လည်လွှတ်ပေးခဲ့ပြီး ၎င်းတို့၏ ဆွေမျိုးများရှိရာ မီးဇာကျေးရွာသို့ သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းက ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း မီးဇာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟွေ့လောက ပြောသည်။

ကင်းတလင်းကျေးရွာသား (၃၉) ဦးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က အေအေ လက်နက်ကိုင်အဖွဲ့က မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ်တွင် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။

"အခုတော့ ရွာမှာ စောင့်ရှောက်ထားတယ်။ ခရီးပန်းလာကြလို့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးထားတော့ ရှိပါတယ်။နေထိုင်းမကောင်း ဖြစ်ကြတာတွေတော့ မရှိပါဘူး" ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟွေ့လောက ပြောသည်။
ပလက်ဝမြို့နယ်အတွင်း အေအေ လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ၂၀၁၅ ခုနှစ်မှ စတင် တိုက်ပွဲရှောင် ပြည်သူအများအပြား ရှိလာပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ စာရင်းအရ လူဦးရေ ၂၅၀၀ နီးပါး ရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာအကူအညီများ လိုအပ်လျက်ရှိသည်။

R-20