News

POST TYPE

REGIONAL

စစ်တွေ မင်းဂံတွင် ရဲကင်းစခန်း အတိုက်ခံရသည် ဆိုသည်မှာ မဟုတ်မှန်ဟုဆို
31-Oct-2016

စစ်တွေ၊ အောက်တိုဘာ ၃၁

စစ်တွေ မင်းဂံရပ်ကွက်ရှိ ရခိုင်တိုင်းရင်းသားများ နှင့် ဘင်္ဂါလီများ ဆက်စပ်နေသည့် နေရာတွင် ရှိသော ရဲကင်းစခန်းကို အောက်တိုဘာ ၃၁ ရက်နေ့ ည ၁၀ အချိန်ခန့်က အတိုက်ခံရသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် ဒုရဲမှူးကြီး စိုးမြင့်အောင်မှ ပြောကြားသည်။

စစ်တွေမြို့ရှိ ပြည်သူများအကြား မင်းဂံရဲကင်းစခန်း တိုက်ခိုက်ခံရသည်ဟု သတင်းများ ထွက်ပေါ်မှုကြောင့် စိုးရိမ်သံများကြောင့် လူစုလူဝေးများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“စစချင်း သေနတ်သံ ထင်ပြီး လူတွေ ထိတ်လန့်သွားကြတာ၊ နောက်မှ ဗျောက်အိုးဖျောက်တယ်ဆိုတာ သိရတာ”ဟု မင်းဂံ ၁၇ ရပ်ကွက်မှ ဒေသခံ ဦးအောင်ထွန်းမှ ပြောကြားသည်။

စစ်တွေမြို့ပေါ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်းများက နေ့ ည မပြတ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ အနေဖြင့် စိုးရိမ် ပူပန်မှုများ မဖြစ်ကြရန် ဒုရဲမှူးကြီး စိုးမြင့်အောင်က ပြောကြားသည်။



  • VIA