News

POST TYPE

REGIONAL

ကလေးဝ-ယာကြီး-မုံရွာကားလမ်း ရွှံ့ထူသဖြင့် မော်တော်ယာဉ်များကို ကျွဲဖြင့် ဆွဲနေရ
31-Oct-2016
မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေး ကားလမ်းတစ်ခု ဖြစ်သည့် ကလေးဝ-ယာကြီး-မုံရွာကားလမ်း မိုးဆက်တိုက်ရွာသွန်းပြီး ရွှံ့နွံထူထပ်သဖြင့် မော်တော်ယာဉ်များကို ကျွဲဖြင့်ဆွဲ၍ သွားလာနေရကြောင်း ကလေးဝမြို့ရှိ ယာဉ်မောင်းများက ပြောသည်။

ယခုလ နောက်ဆုံးပတ်က မိုးဆက်တိုက်ရွာသွန်းခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နှင့် မုံရွာမြို့ကို ဆက်သွယ်ထားသည့် ၁၁၅ မိုင် အရှည်ရှိ ယာကြီးလမ်းတွင် လမ်းများ ပျက်စီးသောကြောင့် ဖြတ်သန်းသွားလာသော ယာဉ်ငယ်များကို ကျွဲဖြင့် ဆွဲ၍ သွားလာနေရခြင်း ဖြစ်ကြောင်း ကလေးဝမြို့မှ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ဦးညီငယ်က ပြောသည်။

“ဗွက်အထူ၊ အပါးပေါ် မူတည်ပြီး ကျွဲနဲ့ ဆွဲခ ကျပ်တစ်သောင်းကနေ သုံးသောင်းကျော်အထိ ပေးရတယ်။ သူတို့ကလည်း ငွေကြေးသီးသန့်ရယ် မဟုတ်ပါဘူး။ အနီးအနားကျေးရွာကနေ လာပြီး ကူညီရင်းနဲ့ ကိုယ်က ကူညီခပေးရတဲ့ သဘေားပါ” ဟု ဦးညီငယ်က ပြောသည်။

ဓာတ်ပုံ - အောင်ဇော်