POST TYPE

REGIONAL

မိုင်းခတ်တွင် နေအိမ်တစ်လုံး မီးလောင်
09-Feb-2019

ကျိုင်းတုံ၊ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ပန်နော်လောင်းအထက်ကျေးရွာတွင် ဖေဖော်ဝါရီ ၉ ရက် မွန်းတည့် ၁၂ နာရီခန့်က နေအိမ်တစ်လုံးမီးလောင်ခဲ့ကြောင်း ကျိုင်းတုံခရိုင် မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်းက ပြောကြားသည်။

“မီးကြွင်းမီးကျန်ကနေ အိမ်ဝါးထရံကတစ်ဆင့် မီးလောင်ခဲ့တာပါ။ ပတ်ဝန်းကျင်အိမ်တွေ ကူးစက်လောင်ကျွမ်းမှု မရှိသလို လူနဲ့တိရိစ္ဆာန်လည်း ထိခိုက်သေဆုံးမှုမရှိပါဘူး”ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်တွင် ၃၀ ပေ x၂၀ ပေ သွပ်မိုး၊ဝါးထရံကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့၍ နေအိမ်ပိုင်ရှင် ဦးကျာမူး (၂၇ နှစ်)ကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း မိုင်းခတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16