POST TYPE
REGIONAL
မင်းလှတွင် ဘင်္ဂါလီလေးဦး ဖမ်းမိ
24-Jan-2019
မကွေး၊ ဇန်နဝါရီ ၂၄
မကွေးတိုင်း မင်းလှမြို့နယ် ကျောက်ထပ်ကျေးရွာ အနောက်တောင်ဘက် (၁) မိုင်ခန့်အကွာရှိ တောတွင်းမှ ဘင်္ဂါလီ (၄) ဦးကို ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁၂ နာရီ ၅ဝ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မင်းလှမြို့မ ရဲစခန်းထံမှ သိရသည်။
မွန်းလွဲ ၁၂ နာရီခွဲခန့်က ယင်းကျေးရွာအုပ်ချုပ်ရေးမှူးက မသင်္ကာဖွယ်ရာ လူစိမ်းများ ရွာအနီးတွင် တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့သဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာတာဝန်ရှိသူများ သွားရောက်စစ်ဆေးစဉ် ၎င်းတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မင်းလှမြို့နယ် ရေနံမနယ်မြေစခန်း စခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက ပြောကြားသည်။
ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီ (၄) ဦးကို မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ခေါ်ဆောင်၍ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့နှင့် ပူးပေါင်းစစ်ဆေးကာ နိုင်ငံသားမှတ်ပုံတင်ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
R-23
- VIA
- Voice Admin
- SOURCES
- The Voice
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
15-Jan-2021
-
12-Jan-2021