News

POST TYPE

REGIONAL

ပဲခူးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆွေးနွေးပွဲ ကျင်းပမည်
15-Jan-2019

တောင်ငူ၊ ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(UNDP)တို့ပူးပေါင်း၍ ပဲခူးမြို့နယ် မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၁၇ ရက်နေ့၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း ယင်းတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရသည်။

“နှစ်အလိုက် Plan လေးတွေ ရေးဆွဲထားပြီး မြို့ကြီးအချို့မှာ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပသွားမှာပါ။ လက်ရှိမှာ ရန်ကုန်နဲ့ မကွေးမှာ ကျင်းပပြီးသွားပြီဖြစ်သလို အခုပဲခူးမှာ ထပ်မံကျင်းပမှာဖြစ်ပြီး ကော်မရှင် ဥက္ကဋ္ဌလည်း တက်ရောက်မှာပါ”ဟု မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ဒေတာ အချက်အလက်များ ရယူခြင်းမျိုး ဟုတ် မဟုတ် နားထောင်လေ့လာရဦးမည်ဖြစ်သော်လည်း ဌာနဆိုင်ရာလုပ်ငန်းများတွင် မလိုအပ်ပဲကြန့်ကြာအောင် ပြုမှုဆောင်ရွက်နေခြင်းသည် အဂတိလိုက်စားမှု ဟုတ် မဟုတ်ဆိုသည့်အကြောင်းအရာကို တင်ပြဆွေးနွေးရန်ပြင်ဆင်ထားကြောင်း ပြည်မြို့ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ဦးညီညီအောင်က ပြောကြားသည်။

R-15