News

POST TYPE

REGIONAL

ပေါက်မြို့တွင် လက်ယက်တွင်း ရေနံမှော်ဒေသခံများ ဆန္ဒပြ
05-Oct-2018



မကွေး၊ အောက်တိုဘာ ၅

မကွေးတိုင်း ပေါက်မြို့တွင် သပြေညို-လက်ပံတို-ရွှေလယ်အို-သရက်ကန် မှော်များမှ လုပ်ငန်းရှင်များနှင့် အလုပ်သမား ၃၀၀ ခန့်က ယနေ့နံနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရွှေပေါက်ပင်ရပ်ကွက် ပေါက်ချောင်းမှစတင်ပြီး အောင်တံခွန်ရပ်ကွက်နှင့် ဆေးပေါင်းရုံ ရပ်ကွက်ကြားရှိ ပခုက္ကူ ပေါက်ကျောက်ထုလမ်းမကြီးပေါ်တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

မကွေးတိုင်းအတွင်းရှိ လက်ယက်တွင်း ရေနံမှော်များ၌ တရားဝင် ဒေသန္တရ ရေနံချက်ဖိုများ တည်ထောင်လုပ်ကိုင်ခွင့် ရရှိရန်အတွက် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရှိရသည်။

ယင်းဆန္ဒပြပွဲ၌ တရားဝင်ဒေသန္တရ ရေနံချက်ဖိုများ တည်ထောင်ခွင့်ရရှိရေး (ဒို့အရေး) ဒေသတွင်း အလုပ်အကိုင်ရရှိရေး (ဒို့အရေး) ရေနံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်များက ကူညီပံ့ပိုးရေး (ဒို့အရေး) ရေနံတွင်းတိမ်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးရေးတိုးတတ်ရေး (အောင်ရမည်) ဟု ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းရေနံမှော်အနီးတွင် ရေနံချက်ဖိုများ ပိတ်သိမ်းလိုက်သည့်အတွက် ဒေသခံပြည်သူများ၏ စားဝတ်နေရေး အလုပ်အကိုင်အခွင့်အလမ်းများနှင့် ကလေးများ၏ ပညာရေးအခက်အခဲများ ဖြစ်သည့်အတွက် တပိုင်တနိုင် ရေနံချက်ဖိုလုပ်ငန်းအား ခွင့်ပြုပေးရန် ဒေသခံများက တောင်းဆိုခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။

R-24