News

POST TYPE

REGIONAL

မကွေးတွင် မီးလောင်
24-Aug-2018

မကွေး၊ သြဂုတ် ၂၄

မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ မေတ္တာလမ်းရှိ ကုမ္ပဏီတစ်ခုတွင်ယနေ့ ညနေ ၃ နာရီဝန်းကျင်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

“အထဲမှာ လှိုက်လောင်နေတာ၊ အသံတွေကြားတော့ ရန်ဖြစ်တယ် ထင်နေတာ။ ပြီးမှ မီးလောင်နေတာသိရပြီး မီးသတ်ဆေးဗူးတွေနဲ့ သွားငြှိမ်းခဲ့တာ၊ မနိုင်ဘူး။ မီးသတ်ကားတွေ ရောက်လာမှ ငြှိမ်းတာနိုင်သွားတယ်”ဟု အဆိုပါ Myanmar Best Food and Beverage Co., Ltd (Magway Branch)နှင့်ကပ်ပြီး ဘိလိယက်ဆိုင်ဖွင့်ထားသူ ဦးကိုကိုအောင်က ပြောသည်။ 

အဆိုပါ မီးလောင်ကျွမ်းမှုမှာ နာရီဝက်ကျော် ကြာမြင့်ခဲ့ကြောင်း မျက်မြင်မြင်တွေ့ခဲ့ရသူ ဦးကိုကိုအောင်ကဆိုသည်။

“လောင်တာ ဘာမှမသိရဘူး။ ကျွန်တော်တို့က ရုံးရှေ့မှာ ကားပြင်နေတာ။ မီးစက်ကြိုးတွေလည်းရှိတယ်။ ဝါယာရှော့ကြောင့် လောင်တာလို့ထင်ပါတယ်။ ကွန်ပျူတာက အရှေ့ခန်းမှာပဲရှိတာ။ ကွန်ပျူတာရှော့ဖြစ်ပြီးလောင်တာမဟုတ်ဘူး”ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ ဝါယာရှော့ကြောင့် မဖြစ်နိုင်ကြောင်းနှင့် ခြင်ဆေးခွေ ထွန်းထားသည့် သံတိုင်များတွေ့ရှိထားသော်လည်း အတည်မပြုရသေးကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က ပြောသည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်တွင် ပျက်စီးဆုံးရှုးမှု တန်ဖိုးများအား တွက်ချက်၍ မရသေးဘဲ၊ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် Myanmar Best Food and Beverage Co.,Ltd (Magway Branch)မန်နေဂျာအား ပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။

R-23