News

POST TYPE

REGIONAL

ရေနံချောင်း၌ ကိုယ်ဝန် ၇ လရှိမှသိ၍ မုဒိမ်းမှုဖြင့် အမှုဖွင့်
24-Aug-2018
ချောက်၊ ဩဂုတ် ၂၃

မကွေးတိုင်း ရေနံချောင်းမြို့နယ် လေးတိုင်စင်ကျေးရွာအုပ်စုတွင် အသက် ၁၄ နှစ်အရွယ် သတ္တမတန်း ကျောင်းသူတစ်ဦးတွင် ကိုယ်ဝန် ၇ လရှိမှ မိခင်ဖြစ်သူက သိရှိသည့်အတွက် ဩဂုတ်လ ၂၂ ရက်နေ့က မုဒိမ်းမှုဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း ယင်းနယ်မြေရဲစခန်းထံမှ သိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့က သမီးဖြစ်သူ ကျန်းမာရေးမကောင်းဟု ထင်သည့်အတွက် မကွေးမြို့တွင် ဆေးသွားကုပြီးနောက် သမီးဖြစ်သူ ကိုယ်ဝန်ရှိနေသည်ကို သိရှိခဲ့ပြီး ၎င်းကိုမေးမြန်းခဲ့ရာ အိမ်နီးချင်းဖြစ်သူ ဦးတင်စိုး (၆၇ နှစ်) က အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသက်မပြည့်သေးသူကို အဓမ္မပြုကျင့်သည်ဟုဆိုသူ ဦးတင်စိုးကို ညောင်လှနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-24


  • VIA