News

POST TYPE

REGIONAL

လက်ပံတန်းမှ ရှေ့နေတစ်ဦးကို အဂတိလိုက်စားမှုဖြင့် အရေးယူ
16-Aug-2018

လက်ပံတန်း၊ ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် တရားလွှတ်တော်ရှေ့နေတစ်ဦး လာဘ်ငွေနှင့် လက်ဆောင်ပစ္စည်းယူသည်ဟု စစ်ဆေးပေါ်ပေါက်သဖြင့် ဩဂုတ်လ ၁၄ ရက်တွင် အမှုဖွင့်အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်သည်။ 

လက်ပံတန်းမြို့နယ် မင်းရပ်ရပ်ကွက်တွင်နေသော တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေး (၃၆ နှစ်) က လက်ပံတန်းမြို့နယ်တွင် တရားစွဲဆိုထားသော မြေပိုင်ဆိုင်မှုအငြင်းပွားမှုတစ်ခုတွင် အမှုသည်ကိုယ်စား တရားရုံး၌ လိုက်ပါဆောင်ရွက်ရာ အမှုအောင်မြင်ရေးအတွက် တရားသူကြီးကိုပေးရန်ဟုဆိုကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် ဇွန်လအထိ ကျပ် ၁၂ သိန်းကျော်နှင့် လက်ဆောင်ပစ္စည်းများ တောင်းယူခဲ့ကြောင်း ထိုသို့ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများ တောင်းဆိုပြီး အမှုပြီးဆုံးအောင်ဆောင်ရွက်မပေးသဖြင့် အမှုသည်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့သည်။ 

ယင်းတိုင်ကြားမှုနှင့် ပတ်သက်၍ ဂတိလိုက်စားမူတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရာ တရားလွှတ်တော်ရှေ့နေက ငွေ ၁၂ သိန်းနှင့် လက်ဆောင်ပစ္စည်း တောင်းယူကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ယင်းကော်မရှင်မှ ဦးစီးအရာရှိတစ်ဦးက လက်ပံတန်းမြို့မရဲစခန်း၌ အဂတိလိုက်စားမူတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၇ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း အဆိုပါ ရဲစခန်းထံမှသိရသည်။

R-19