News

POST TYPE

REGIONAL

မုံရွာတွင် သတင်းအချက်အလက်ရ ပိုင်ခွင့်ဆိုင်ရာ ဆွေးနွေး
10-Jun-2018



မုံရွာ၊ ဇွန် ၁၀

အများပြည်သူသိရှိရန်လိုအပ်သော သတင်းအချက်အလက်ရယူပိုင်ခွင့်ဥပဒေကို ပြည်သူအများသိရှိလာစေရန် အသိပညာပေးဆွေးနွေးပွဲကို မုံရွာမြို့တွင် ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့က ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းအတွင်းမှအရပ်ဘက်အဖွဲ့အစည်း၊ သတင်းမီဒီယာများ၊ မြို့ခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့သည်။

“ဥပဒေထွက်လာတဲ့အခါ ပြည်သူတွေသိပြီးတော့ဝင်ပြောနိုင်အောင်အခုလို ဆွေးနွေးပွဲတွေလုပ်တာ။ ဥပဒေထွက်ပြီးရောမဟုတ်ဘဲ ကောင်းတဲ့ဥပဒေပေါ်ပေါက်လာစေဖို့ကို ရည်ရွယ်ပါတယ်”ဟု ပြည်ကြီးခင်အဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နွယ်ဇင်ဝင်းက ပြောဆိုသည်။

အဆိုပါ သတင်းအချက်အလက်များ သိပိုင်ခွင့်ဥပဒေကို ယခင်အစိုးရလက်ထက်မှ စတင်ရေးဆွဲနေခြင်းဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်း၊ မြန်မာသတင်းမီဒီယာကောင်စီ၊ သတင်းအဖွဲ့အစည်းများ ပါဝင်၍ ပြည်သူလူထုသိရှိလာစေရန် အမြင်ဖွင့်ဆွေးနွေးပွဲများကိုလည်း ၂၀၁၅ ခုနှစ်မှစ၍ ပြည်ကြီးခင်အဖွဲ့က လုပ်ဆောင်ခဲ့သည်။

R-08