News

POST TYPE

REGIONAL

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ကျိုင်းတုံသို့ လာမည်
ကျိုင်းတုံ၊ မတ် ၁၀

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ မတ်လဒုတိယပတ်တွင် ပထမဆုံးအကြိမ် လာရောက်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

“ကျိုင်းတုံကို မြေယာပြဿနာအပါအဝင် အခြားအလုပ်ကိစ္စတွေနဲ့ နောက်တစ်ပတ်မှာ ဒုသမ္မတကြီး လာဖို့ရှိပါတယ်၊ ကျိုင်းတုံ-မိုင်းလားလမ်း ပိတ်ထားတဲ့အတွက် ကုန်သွယ်မှု အခက်အခဲတွေ ခံစားနေရတာကို ဒေသခံတွေအနေနဲ့ တွေ့ဆုံပွဲမှာ တိုက်ရိုက်တင်ပြကြရင် ပိုအဆင်ပြေမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။ 

လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံတော်ဒုတိယ သမ္မတအနေနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသို့ ပထမဆုံး လာရောက်ခြင်းဖြစ်ရာ ဌာနဆိုင်ရာများပါဝင်သည့် လူထုတွေ့ဆုံပွဲကို ကျိုင်းတုံတက္ကသိုလ်၌ ပြုလုပ်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီစဉ်ထားကြောင်း ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက ဆိုသည်။ 

R-16